Main menu

ကော့သောင်းမြို့နယ် မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးဖွဲ့ဝင်များနှင့် အတူ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့ နံနက် :၀၀ နာရီ အချိန်တွင်  ကော့သောင်းမြို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များဖြစ်သော မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ကော့သောင်းမြို့နယ်ရှိတရားမဝင်ကုန်ပစ္စည်းများဝင်ထွက်နေမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါ မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များသည် ကွင်း ဆင်း စစ်ဆေးရာတွင် ကော့သောင်းမြို့ အေးရိပ်ငြိမ်းရပ်ကွက်၊ ဦးအောင်ဇေယျ(၅)လမ်း၊ ကမ်းနားဆိပ်တွင်  ဦးစိုးအောင်(အဘဦးထွန်းထွန်း) မှတ်ပုံတင်အမှတ် (/ကသန(နိုင်) ၀၇၂၂၇၆)ပိုင် တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသော Motorc ycle Tube (2.50-17)(50U Pkg Brand:DEESTONE,C/O:Thailand-2500U ခန့်မှန်း တန်ဖိုးငွေကျပ် (၂၂,၀၀,၀၀၀/-)ခန့် ပစ္စည်းများအား တွေ့ရှိသဖြင့် အမှုတွဲအမှတ်၊၁၁-ကသ(တတန)/၂၀၂၅(၀၃၂)ဖြင့်အမှုဖွင့်လှစ်၍ ထိုပစ္စည်း တင်သွင်းလာခြင်းသည် ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေ၊ ကုန်လမ်းအကောက်ခွန်အက်ဥပဒေအရ အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)