
စီးပွားရေးလုပ်ငန်းရှင်များ အွန်လိုင်းမှ တဆင့် ရောင်းချခြင်းနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ရန်အတွက် သတ်မှတ်ကြေငြာထားရှိခြင်းကြောင့် အွန်းလိုင်းတွင် ကုန်စည်များ ရောင်းချသော လုပ်ငန်းရှင်မှ မှတ်ပုံတင်လျောက်ထားရာတွင် လုပ်ငန်းအချက်အလက်များသိရှိလို၍ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် တွေ့ဆုံ၍ ၂၀-၈-၂၀၂၅ ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်က လာရောက်တွေ့ဆုံ မေးမြန်းခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းက လာရောက်တွေ့ဆုံသော လုပ်ငန်းရှင်အား ဆွေးနွေးရှင်းလင်းခဲ့ရာ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း(Online Sale) လုပ်ငန်းများ မှတ်ပုံ တင် လက်မှတ် လျှောက်ထားခြင်းနှင့် ပတ်သက်သော လုပ်ငန်းမှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေများအကြောင်းတို့ကို လည်းကောင်း၊အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ အရ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် ဇူလိုင် ၂၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာ အမှတ် (၅၀/၂၀၂၃)နှင့် (၅၁/၂၀၂၃)အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်လျှောက် ထားနိုင်ရေးအတွက် ထုတ်ပြန်ထားကြောင်း၊အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများ မှတ်ပုံတင်လက်မှတ် လျှောက်ထားရ မည့် e - Commerce Registration (Online) System နှင့်စပ်လျဉ်း၍ မှတ်ပုံတင် လက်မှတ် လျှောက်ထားရာတွင် လိုက်နာရမည့်ကိစ္စရပ်များအကြောင်းကိုလည်ကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ၏ အမိန့် ကြော်ငြာစာအမှတ် (၅၁/၂၀၂၃) အရ အွန်လိုင်းစနစ်ဖြင့် ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုရောင်းချသူများ အားလုံးသည် မှတ်ပုံတင် လက်မှတ်လျှောက်ထားရန် အကျုံးဝင်ပြီးမှတ်ပုံတင်လက်မှတ် လျှောက်ထားလိုသူများသည် ရုံး၊ ဌာနများသို့ လူကိုယ်တိုင် လာရောက်ဆောင်ရွက်ရန်မလိုအပ်ဘဲ www.ecomreg.gov.mm မှတစ်ဆင့် ယနေ့မှစတင်၍ အွန်လိုင်းစနစ်ဖြင့် လျှောက်ထားဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြေကြားခဲ့ပြီး လုပ်ငန်းရှင်ကိုယ်တိုင် မှတ်ပုံတင်လျောက်ထားရန် အတွက် ဌာနမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)