Main menu

ဇလွန်မြို့နယ်အတွင်း စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် အိမ်ထောင်စုများအား ဆီဖြန့်ဝေမှု ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မိတ်ဘက်ဌာနဆိုင်ရာ များနှင့်ပူးပေါင်း၍(၂၆.၈.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၃:၀၀)အချိန်တွင် ဇလွန်မြို့နယ်အတွင်းရှိ  စားအုန်း ဆီဖြန့်ဖြူးရောင်းချနေမှုနှင့် ပတ်သတ်၍ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် အိမ်ထောင် စုများအား ဆီဖြန့်ဝေမှု ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါ သည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော စားအုန်းဆီများကို သတ် မှတ် ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်းရှိ/မရှိ ၊ ခွဲတမ်းရ ကုန်စုံဆိုင်များအနေဖြင့်  အဆင့်အလိုက် (၂)% အမြတ်ထက်ကျော်လွန်၍ရောင်းချမှုမရှိစေရေး စစ်ဆေးခဲ့ပြီး၊ ရောင်းချမှုလက်ခံ ဘောက်ချာ များထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး ၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများ မရှိကြောင်း စစ်ဆေး တွေ့ရှိရပြီး၊ ဇလွန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု/ရပ်ကွက်အလိုက် စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် အိမ်ထောင်စုများအား ဖြန့်ဝေရောင်းချပေးနေမှုကိုလည်း ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)