
မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်တွင် ပြည်သူများဈေးနှုန်းများသက်သာစွာဝယ်ယူအသုံးပြုနိုင်ရေး ပြည်သူ့သက်သာဈေးအရောင်းဆိုင်ဖွင့်လှစ်ရောင်းချခြင်းကို အပတ်စဉ်တနင်္ဂနွေနေ့တိုင်း နံနက်(၀၆း၃၀) နာရီခွဲမှ (၁၀း၀၀)နာရီအချိန်ထိ မိတ္ထီလာမြို့နယ်၊ ပေါက်ချောင်းဈေးတွင် ပြည်သူများဈေးနှုန်းသက်သာစွာ ဖြင့်ဝယ်ယူအသုံးပြုနိုင်ရေး အခြေခံစားသောက်ကုန်များရောင်းချပေးခဲ့ပါသည်။
စားသုံးသူပြည်သူများအား ရောင်းချပေးသောအခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ အမဲသား တစ်ပိဿာ(၂၅၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ(၂၆၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ(၂၈၀၀၀)ကျပ်ဖြင့် ရောင်းချခဲ့ပါသည်။ အဆိုပါပြည်သူ့သက်သာဈေးရောင်းချပွဲကို မြို့နယ်စည်ပင်သာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)