
ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် (၁၅.၈.၂၅) ရက်နေ့၊ နံနက်(၉း၀၀) နာရီ အချိန်တွင် အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်းရှိ ဦးအောင်ကိုကိုဆန်း၏ (နေယု) ဆန်စက်သို့ သွားရောက်၍ ဆန်စက်မန်နေဂျာဖြင့်တွေ့ဆုံ၍ MYRO မှတ်ပုံတင် ထားရှိသော်လည်း စပါးအဝယ်စာရင်း၊ စပါးကြိတ် စာရင်း၊ စပါးလက်ကျန်စာရင်းများကို လစဉ် တင်ပြရန်၊ ဆန်လက်ကျန်အခြေအနေ၊ ဈေးနှုန်း၊ ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေ၊ စပါးအမျိုးအစား အလိုက် လက်ကျန်အခြေအနေ၊ ယခုလက်ရှိ ဝယ်ယူမှုအခြေအနေဈေးနှုန်း၊ လုပ်သားအခြေအနေ၊ လျှပ်စစ်မီးရရှိမှု၊ ဒီဇယ်အင်ဂျင်ဖြင့် လည်ပတ်မှုအခြေအနေတို့ကို ကွင်းဆင်းမေးမြန်း ဆောင်ရွက်ခဲ့ ပါသည်။
Doca (ဧရာဝတီ)