Main menu

ဗီယက်နမ်နိုင်ငံ၌ အမျိုးသားသယ်ယူပို့ဆောင်ရေးစနစ် စီမံခန့်ခွဲမှုဗဟိုဌာနတစ်ခု ထူထောင်မည်

Powered by Drupal

      ဗီယက်နမ်အစိုးရက အမျိုးသားသယ်ယူပို့ဆောင်ရေးစနစ် စီမံခန့်ခွဲမှုဗဟိုဌာနတစ်ခု ထူ ထောင်ရန်အတွက် ဗီယက်နမ်ဒေါင်ငွေ ဘီလီယံ ၁၄၅၀ ကျော် (အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၅ သန်းခန့်) ကို သုံးစွဲမည်ဖြစ်ကြောင်း  သိရသည်။

          အဆိုပါ စီမံခန့်ခွဲမှုစင်တာထူထောင်ခြင်း၏ အကျိုးကျေးဇူးကြောင့် အမြန်လမ်းများ၊ လမ်းမ ကြီးများနှင့် ဒေသဆိုင်ရာလမ်းများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ ရရှိနိုင်မည်ဖြစ်သည်။

          ထို့ပြင် ယာဉ်ကြောအသွားအလာ ကြိုတင်ခန့်မှန်းမှု၊ အရေးပေါ်တုံ့ပြန်မှုနှင့် နိုင်ငံတစ်ဝန်း၌ ဗဟိုချုပ်ကိုင်သည့်   ယာဉ်ကြောစီမံခန့်ခွဲမှုကို တိုးတက်ကောင်းမွန်လာစေရန် အဆင့်မြင့်နည်းပညာ များကို အသုံးပြုမည်ဖြစ်သည်။

          စီမံခန့်ခွဲမှုစင်တာက  သယ်ယူပို့ဆောင်ရေး အက်ပလီကေးရှင်းများနှင့်အတူ ရေရှည်တည်တံ့ သော သယ်ယူပို့ဆောင်ရေးနှင့်     ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရေးဆိုင်ရာ  လုပ်ငန်းဆောင်ရွက်မှု များ ကို ပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်း သိရသည်။

          ဗီယက်နမ်နိုင်ငံ လမ်းများဌာန၏အဆိုအရ နိုင်ငံအတွင်း၌ အမြန်လမ်း ၂၂၆၈ ကီလိုမီတာကို ဖောက်လုပ်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ကီလိုမီတာ ၃၀၀၀ နှင့် ၂၀၃၀ ခုနှစ်တွင် ကီလိုမီတာ ၅၀၀၀ အထိ ရောက်ရှိရန် ရည်မှန်းထားကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ 

DOCA(ပြည်ထောင်စုနယ်မြေ)