Main menu

စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းသည်  (၂၀.၈.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀)အချိန်တွင် မြန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ စားသုံးသူရေးရာအသိပညာပေး Talk Show အစီအစဉ်ကို ဆောင် ရွက်ခဲ့ပါသည်။

          အဆိုပါ အစီအစဉ်တွင် ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းက  ၂၀၁၉ခုနှစ် မတ်လ(၁၅) ရက်နေ့တွင်  ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေ၏  အခန်း(၂၃)ပါ  တားမြစ်ချက်များဖြစ်သော  ပုဒ်မ ၆၃ အရ  စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်၏အရည်အသွေး၊ အရေအတွက်၊ ပါဝင်သော ပစ္စည်းများ၊ အသုံးပြုပုံ၊ ဈေးနှုန်း၊  ဝန်ဆောင်မှုနှုန်းထား၊ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏  တစ်ဦးဦး ကို ဖြစ်စေ ထိခိုက်နစ်နာစေသော ရည်ရွယ်ချက်ဖြင့် စားသုံးသူကို သွေးဆောင်ဖြားယောင်း၍ တိုင်ကြား စေခြင်း၊ မမှန်မကန် သက်သေထွက်ဆိုခြင်း နှင့် မမှန်မကန် သတင်း ဖြန့်ဖြူးခြင်း၊ တည်ဆဲဥပဒေပါ ပြဌာန်းချက်များနှင့် ငြိစွန်းသောကိစ္စများကို ဆောင်ရွက်စေခြင်း မပြုလုပ်ရန် နှင့် ဖောက်ဖျက်ကျူး လွန်၍ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေပြစ်ဒဏ်ချမှတ်နိုင်ကြောင်းတို့အားလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရောင်းဝယ်မှု ပြုလုပ်ရာတွင် ထင်ယောင် ထင်မှားဖြစ်စေရန် ရည်ရွယ်၍ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ပြုပြင် ပြောင်းလဲပြီးမှ ရောင်းချခြင်း၊ သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေးတို့နှင့် ကိုက်ညီသည်ဟု မမှန် မကန် ဖော်ပြခြင်း၊ သုံးစွဲရမည့် ရက်စွဲ ထက်ကျော်လွန်နေသော ကုန်စည်ကို ရောနှောရောင်းချခြင်း၊ အမျိုးအစားတူ အရည်အသွေးနိမ့်ကုန်စည်နှင့် အမျိုးအစားမတူ စားသုံးရန်မသင့်သော ကုန်စည်ကို ရောနှောရောင်း ချခြင်း များ မပြုစေရေး  ပုဒ်မ ၆၅ အရ တားမြစ်ထားကြောင်း၊ ဖော်ပြပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျုးလွန်ပါက ခြောက်လထက် မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၅၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်းတို့အားလည်းကောင်း အကျယ်တဝင့်  ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

 (DOCA ဧရာဝတီ)