Main menu

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်        တာဝန်ခံ ဒေါ်ဇင်မာသန်း သည် (၂၁.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ စားသုံးသူပြည်သူများအား အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါ သည်။

            ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ စားသုံးသူ အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးမှုးရုံး မြို့နယ်တာဝန်ခံမှဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ ပြီးနောက် မြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိသည့် မြန်မာဆန်စပါးအွန်လှိုင်း(MyRo)ကို ၂၀၂၃ခုနှစ် နိုဝင်ဘာ ၃ရက်နေ့မှစ၍ ဆန်တန်ချိန်(၂၅)နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်မှုများအား မှတ်ပု့တင်ဆောင်ရွက်လျက်ရှိကြောင်း၊ သက်တမ်းတိုး ဆောင်ရွက်ခြင်း ကုန်ရ၊ကုန်ထုတ်၊ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း(၁)ရက်နေ့မှ (၇)ရက်နေ့ အတွင်း Update ဖြည့်သွင်းဆောင်ရွက်နေမှုအား  အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး ပြင်ပတွင် ဆန်တန်ချိန်(၂၅)နှင့်အထက် သို့မဟုတ် စပါးတင်း(၂၅၀၀)နှင့် အထက်သိုလှောင်ပါက စစ်ဆေးအရေးယူဆောင်ရွက်မည်ဟု မဟုတ်မမှန် ကောလဟာလ သတင်းပြန့်လွှင့်နေမှုမှာ မှန်ကန်မှုမရှိပါကြောင်း၊ ပြည်သူ များအနေဖြင့် သတ်မှတ်ထားသော ညွှန်ကြားချက်နှင့် အညီအကန့်အသတ်မရှိသိုလှောင်နိုင်ပါကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။

(DOCA  ဧရာဝတီ)