Main menu

တောင်ကိုရီးယားနိုင်ငံ၏ ထုတ်လုပ်မှုပေါက်ဈေးများ ဇူလိုင်လတွင် ဒုတိယအကြိမ် ဈေးနှုန်းမြင့်တက်

Powered by Drupal

         လယ်ယာထွက်ကုန်နှင့် ရေနံထွက်ကုန်များ ဈေးနှုန်းမြင့်တက်မှုကြောင့် တောင်ကိုရီးယား ပေးသွင်းသူများကြားတွင် ကုန်စည်နှင့် ဝန်ဆောင်မှုများ နှစ်လဆက်တိုက်မြင့် တက်ခဲ့ကြောင်း သြဂုတ်လ ၂၁ ရက်နေ့တွင် ရရှိသော ဗဟိုဘဏ် အချက်အလက်များအရ သိရပါသည်။

          ထုတ်လုပ်မှုပေါက်ဈေးအညွှန်းကိန်း (PPI) သည် ကုန်ခဲ့သည့်လက ၀.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီးနောက် ဇူလိုင်လတွင် ၀.၄  ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု ကိုရီးယားဘဏ် (BOK) က ပြောကြားခဲ့ပါသည်။

         စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးလုပ်ငန်း ထွက်ကုန်များ၏ ကုန်ပစ္စည်းပေးသွင်းသူများ အကြား ဈေးနှုန်းသည် ဇူလိုင်လတွင်၅.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။စိုက်ပျိုးရေး ထွက်ကုန်ဈေးနှုန်းများ မြင့်တက်မှုကြောင့် ဇွန်လတွင် ၀.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ထက် ပိုမိုမြန်ဆန်ခဲ့ခြင်း ဖြစ်ပါသည်။

          ရေနံထွက်ကုန်ပစ္စည်းများ အပါအဝင် စက်မှုထုတ်ကုန်ပစ္စည်းများသည် ဇူလိုင်လတွင် လစဉ်အခြေပြု၍ ၀.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။

        ကျောက်မီးသွေးနှင့် ရေနံထွက်ကုန်များ၏ ဈေးနှုန်းသည် ဇူလိုင်လတွင် ၂.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယခင်လက ၁.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီးနောက် မြင့်တက်လာခဲ့ခြင်း ဖြစ်ပါသည်။ လျှပ်စစ်ပစ္စည်းများသည် ဂဏန်းတစ်လုံးသာ မြင့်တက်ခဲ့ပါသည်။

          လျှပ်စစ်၊သဘာဝဓာတ်ငွေ့နှင့် ရေ ဈေးနှုန်းသည် ဇူလိုင်လတွင် ယခင်လကထက် ၁.၁ ရာခိုင်နှုန်း သုံးလဆက်တိုက် ကျဆင်းလျက်ရှိပါသည်။

         ဝန်ဆောင်မှုဈေးနှုန်းသည် သယ်ယူပို့ဆောင်ရေး၊ စာသောက်ဆိုင်နှင့် တည်းခိုခန်းများ၊ ဘဏ္ဍာရေးနှင့် အာမခံဝန်ဆောင်မှုများအတွက် ကုန်ကျစရိတ်မြင့်မာခြင်းကြောင့် ၀.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။

Source: Xinhua

DOCA (ရန်ကုန်)