Main menu

အင်ဒိုနီးရှားနိုင်ငံသည် ၂၀၃၀ ခုနှစ်တွင် စားအုန်ဆီတန်ချိန် သန်း ၆၀ ထွက်ရှိနိုင်ရန် ရည်မှန်းလျက်ရှိ

Powered by Drupal

          အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီထွက်ရှိမှုသည် ဝယ်လိုအားတိုးလာမှုနှင့်အညီ ၂၀၂၄ ခုနှစ်က ထွက်ရှိခဲ့သော စားအုန်းဆီတန်ချိန် ၄၈.၂ သန်းမှ အစပြု၍ ၂၀၃၀ ခုနှစ်တွင် တန်ချိန် သန်း ၆၀ အထိတိုးမြင့်သွားရန်စီစဉ်လျှက်ရှိကြောင်း Plantation Fund Management Agency (BPDP) ဥက္ကဌ Eddy Abdurrachman ၏ သြဂုတ်လ၂၀ ရက်နေ့ပြောကြားချက်အရ သိရသည်။ စားအုန်ဆီကြမ်းဝယ်လိုအားသည် အစားအစာ၊ ဇီဝလောင်စာဆီနှင့် ဓာတုဗေဒ လုပ်ငန်းများအပြင် ပို့ကုန်များအတွက်ပါ ဆက်လက်တိုးလာကြောင်း၊ ၂၀၃၀ ခုနှစ်၏ တန်ချိန် သန်း ၆၀ လျာထားချက်သည် စားသုံးမှု၊ ဇီဝလောင်စာနှင့် ဓာတုဗေဒ ပစ္စည်းများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ကြောင်း၊ ထိုရည်မှန်းချက်ကို အောင်မြင်လာစေရန် Plantation Fund Management Agency (BPDP) သည် လူစွမ်းအားအရင်းအမြစ်စွမ်းရည် မြှင့်တင်ရန် ပညာသင်ဆုများနှင့် နည်းပညာဆိုင်ရာသင်တန်းများ ပါဝင်သော အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ဤလုပ်ဆောင်မှုများသည် အသိပညာ၊ ကျွမ်းကျင်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးရန်မျှော်လင့်ထားကြောင်း၊ စားအုန်းဆီစိုက်ခင်းများ ပြန်လည်ရှင်သန်ရေး အစီအစဉ်များကိုလည်း အစိုးရက လုပ်ဆောင်လျှက်ရှိကြောင်း BPDP ဥက္ကဠ Eddy Abdurrachman ကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua

DOCA (ရန်ကုန်)