
ဂျာမနီနိုင်ငံ၏ စက်မှုကဏ္ဍသည် နိုင်ငံတကာ ကုန်သွယ်မှုမူဝါဒတွင် မရေရာသော ဖိအားများအောက်တွင် ဆက်လက်ရှိနေဆဲဖြစ်ပြီး ဇွန်လတွင် အမှာစာများထပ်မံကျဆင်းသွား ကြောင်း သြဂုတ်လ ၂၀ ရက်နေ့က ဖော်ပြခဲ့သော တရားဝင်အချက်အလက်များအရသိရ သည်။ မေလ တွင် ၀.၈ ရာခိုင်နှုန်း ကျဆင်းပြီးနောက် ထုတ်လုပ်မှုအမှာစာအသစ်များ ယခင် လထက် ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း Federal Statistical Office (Dstatis) မှ ပြောကြား ခဲ့သည်။ ဇွန်လတွင် ကျဆင်းမှုသည် မော်တော်ကားနှင့် သတ္တုထုတ်လုပ်သည့် ထုတ်ကုန် ကဏ္ဍများတွင် ဝယ်လိုအား အားနည်းလာသောကြောင့် အများစုမှာ ၇.၆ ရာခိုင်နှုန်း နှင့် ၁၂.၉ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့သည်။ စက်မှုလုပ်ငန်းနှစ်ခုစလုံးသည် လပေါင်းများစွာ အမှာစာများ ကျဆင်းလာမှုကို ခံနိုင်ရည်ရှိပြီး တစ်စိတ်တစ်ပိုင်းအားဖြင့် ဥရောပသမဂ္ဂမှ တင်သွင်းသည့် သံမဏိ၊ အလူမီနီယံနှင့် မော်တော်ကားများအပေါ် အမေရိကန်က အခွန်တိုးကောက်ခြင်းကြောင့်ဖြစ်ကြောင်း Destatis မှ ပြောကြားခဲ့သည်။ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော အချက်အလက်များအရ ဇွန်လတွင် နိုင်ငံခြားစက်မှုအမှာစာ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ ယူရို ဇုန် မဟုတ်သော နိုင်ငံများမှ ၇.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ပြည်တွင်း မှာယူမှု ၂.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အမြဲတစေ မြင့်မားသော ကုန်သွယ်မှုနှင့် ပထဝီဝင်နိုင်ငံရေး မရေရာမှုများကြောင့် အဝင်အမှာစာများ အလွန်အမင်း မငြိမ်မသက်ဖြစ်နေကြောင်း စီးပွားရေးနှင့် စွမ်းအင် ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ "ဇူလိုင်လတွင် ပို့ကုန်မျှော်မှန်းချက် အနည်းငယ် တိုးတက်မှုရှိသော်လည်း၊ အမေရိကန်သို့ ပို့ကုန်များအပေါ် စည်းကြပ်ခွန်များသည် ကာလရှည်ကြာ ဆက်လက်မြင့်မားနေဦးမည်ဟု မျှော်လင့်ရပြီး နိုင်ငံခြားဝယ်လိုအားကို လျှော့ချနိုင်ဖွယ်ရှိသည်" ဟု ၎င်းကဆိုသည်။
Source: Xinhua
DOCA (ရန်ကုန်)