
ဆီးရီးယားနိုင်ငံသည် နိုင်ငံခြားကုမ္ပဏီများနှင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄ ဘီလီ ယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာချွန်လွှာကို သြဂုတ်လ ၂၀ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံပိုင် SANA သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါ သဘောတူညီချက်များတွင် အခြေခံအဆောက်အအုံ၊ သယ်ယူပို့ဆောင်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဖွံ့ဖြိုးတိုးတက်မှုအပါအဝင် ဆီးရီးယားနိုင်ငံတစ်ဝှမ်းရှိ စီမံကိန်း ၁၂ ခု အကျုံးဝင်မည်ဖြစ်သည်။ လက်မှတ် ရေးထိုးပွဲအခမ်းအနားကို Damascus တွင် ကျင်းပခဲ့ပြီး ဆီးရီးယားကြားဖြတ်ခေါင်းဆောင် Ahmad al-Sharaa တက်ရောက်ခဲ့သည်။ ဆီးရီးယား ရင်းနှီးမြှုပ်နှံမှု အာဏာပိုင်အဖွဲ့ အကြီးအကဲ Talal al-Hilali က အဆိုပါ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခြင်းသည် ဆီးရီးယား ရင်းနှီးမြှုပ်နှံမှုအတွက် လမ်းဖွင့်ထားကြောင်း ကြေငြာချက် အခမ်းအနားတွင်ပြော ကြားခဲ့သည်။ စီမံကိန်းများတွင် ဒေါ်လာ ၄ ဘီလီယံ ရင်းနှီးမြှပ်နှံထားသည့် Damascus အပြည်ပြည်ဆိုင်ရာလေဆိပ် ပြန်လည်တည်ဆောက်ရေး၊ Damascus Metro စနစ်တည်ဆောက်ရေး ဒေါ်လာ ၂ ဘီလီယံနှင့် Damascus Towers ပရောဂျက်တို့ပါဝင်သည်။ ထို့ပြင် ဒေါ်လာ သန်း ၅၀၀ တန် Baramkeh Towers ပရောဂျက်နှင့် ဒေါ်လာ သန်း ၆၀ တန် Baramkeh Mall ပရောဂျက်တို့လည်း ပါဝင်သည်။ ဆီးရီးယား ယာယီအာဏာပိုင်များသည် ရင်းနှီးမြှုပ်နှံမှုကြေညာချက်များနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများကို ဆက်တိုက် မြှင့်တင်လျက်ရှိကြောင်း သိရှိရပါသည်။
Source: Xinhua
DOCA (ရန်ကုန်)