
ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC) သည် ၂၆-၈-၂၀၂၅ ရက်နေ့တွင် Preah Sihanouk ပြည်နယ်၌ ရင်းနှီးမြှုပ်နှံမှုမတည်ငွေ ဒေါ်လာ ၂၅၇ သန်းဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့်လုပ်ငန်း ၁၇ ခု အတွက် အထူးမက်လုံးများ ပေးခဲ့သည်။ စီးပွားရေးနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး၏ အကြံပေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ Hean Sahib က ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး စီမံကိန်းများအတွက် အငြင်းပွားမှု ဖြေရှင်းရေး အဆိုပြုချက်များ အား ပြန်လည်သုံးသပ်ရန် အစည်းအဝေးကို ဦးဆောင်ကျင်းပခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်၏ ဒုတိယ အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်နယ်အာဏာပိုင်များနှင့် သက်ဆိုင်ရာနယ်ပယ်များမှ ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် Sahib က ပြည်တွင်းထွက်ကုန်များ အားကောင်း လာစေရန်၊ ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန်၊ အလုပ်အကိုင်များ ဖန်တီးပေးခြင်း၊ ပို့ကုန် တိုးချဲ့ခြင်း၊ ပြည်တွင်းထွက်ကုန် ထုတ်ကုန်များနှင့် သွင်းအားစုများ အသုံးပြုမှု မြှင့်တင်ရန် လုပ်ငန်းအဖွဲ့အား ဆက်လက်ဆောင်ရွက်သွားကြရန် ညွှန်ကြားခဲ့သည်။ အတည်ပြုထားသော ပရောဂျက်များတွင် စိုက်ပျိုးရေးခရီးသွားလုပ်ငန်း၊ အပန်းဖြေစခန်းများ၊ အလှဆင်ပစ္စည်းများနှင့် ပရိဘောဂပစ္စည်းများထုတ်လုပ်ခြင်းနှင့် ပြုပြင်ထုတ်လုပ်သည့် စက်ရုံများ၊ တက္ကသိုလ်များ၊ ဆေးရုံများနှင့် ဆိုလာဓာတ်အားပေးစက်ရုံများ ပါဝင်သည်။ ထို့အပြင် Sahib သည် ကမ္ဘောဒီးယား -ထိုင်းနယ်စပ်တလျှောက် တင်းမာမှုများကြောင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများ နှင့် အခွင့်အလမ်းများကို ပြောကြားခဲ့ပြီး အမေရိကန်အကောက်ခွန်နှုန်းထားကို ၁၉ ရာခိုင်နှုန်းအထိ လျှော့ချလိုက်ကြောင်း Sahib က အလေးပေးပြောကြားခဲ့သည်။ အဆိုပါ ဖွံ့ဖြိုးတိုးတက်မှုများ သည် ကမ္ဘောဒီးယားနိုင်ငံတွင် ရှိနေပြီးဖြစ်သော ရင်းနှီးမြှုပ်နှံသူများကို ထိန်းသိမ်းရန်၊ ရင်းနှီးမြှုပ်နှံမှုအသစ်များကို ဆွဲဆောင်ရန်နှင့် ပိုမိုအဆင်ပြေသော ရင်းနှီးမြှုပ်နှံမှု ပတ်ကို ဝန်းကျင်ကိုဖန်တီးရန်နှင့် နှစ်ဆတိုးရန် လိုအပ်ကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။ နယ်စပ်ပြဿနာသည် ထောက်ပံ့ရေးကွင်းဆက်များ၊ ထုတ်လုပ်မှု၊ အလုပ်အကိုင်နှင့် စားသုံးသူ ဝယ်လိုအား ပြတ်တောက်မှုများ အပါအဝင် ကုန်သွယ်မှု စီးဆင်းမှုများ အထူးသဖြင့် ပြည်တွင်း ကုန်ကြမ်းများတွင် ပို့ကုန်နှင့်သွင်းကုန်များ အပါအဝင် သိသိသာသာ အကျိုးဆက်များ ရှိနေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ် သြဂုတ်လအထိ Preah Sihanouk Investment Promotion Working Group မှ စီမံကိန်း ၃၇၅ ခုအတွက် ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၇.၈၉ ဘီလီယံရှိပြီး အလုပ်အကိုင်ပေါင်း ၅၆,၇၀၀ ခန့် ဖန်တီးပေးနိုင်ကြောင်း နှင့် အဆိုပါစီမံကိန်းများတွင် ရပ်ဆိုင်းထားသည့် အဆောက်အအုံများနှင့် ပတ်သက်သည့် စီမံကိန်း ၁၇၆ ခု၊ စီမံကိန်းအသစ် ၁၆၁ ခု၊ တိုးချဲ့စီမံကိန်း ၂၅ ခုနှင့် လက်ရှိ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁၃ ခုတို့ ပါဝင်သည်။
DOCA( ရန်ကုန်)