Main menu

“ သန်လျင်မြို့နယ်ထမလုံဈေးအတွင်းရှိစားသုံးဆီလက်လီလက်ကားရောင်းချသည့်ကိုယ်စား လှယ်များအား တွေ့ဆုံဆွေးနွေးခြင်း ”

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ထမလုံဈေးအတွင်း စားသုံးဆီ ခွဲတမ်းရရှိသည့် လက်လီလက်ကား ကိုယ်စားလှယ်များအား စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးမှ ခွဲတမ်းရရှိသည့် စားသုံးဆီများအား အိမ်ထောင်စုအလိုက် အလေးချိန်မှန်၊ ဈေးနှုန်းမှန်မှန်ကန်ကန်နှင့် ပြည့်ပြည့် ဝဝရောင်းချနိုင်ရေးအတွက် ဩဂုတ်လ(၂၇)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် တောင်ပိုင်း ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ခေါ်ယူဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန တောင်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုး က တက်ရောက်လာသည့် စားသုံးဆီ ခွဲတမ်းရရှိသည့် ကိုယ်စားလှယ် (၃၅)ဦး တက်ရောက်ပြီး စားသုံးဆီများအား ရောင်းချရာတွင် စားသုံးသူပြည်သူများ လက်ဝယ်သို့ အိမ်ထောင်စုစာရင်း အလိုက် အလေးချိန်မှန်မှန်နှင့် ပြည့်ပြည့်ဝဝ ရောင်းချရန်၊ ရောင်းချရာတွင်လည်း အပတ်စဉ် တနင်္လာနေ့တိုင်း စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ကြေညာလျက်ရှိသည့် အခြေခံလက်ကားရည်ညွှန်းဈေးအပေါ် ဒေသအရောက် အမြတ် (၂%)ထက်မပိုသော ဈေးနှုန်းဖြင့်သာ ရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစား ရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း အပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)