Main menu

အမျိုးသမီးနှင့်ပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်

Powered by Drupal

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကန့်ဘလူခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးခန်း၌ ကျင်းပပြုလုပ်သည့် အမျိုးသမီးနှင့်ပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားနှင့် သင်တန်းကို(၁၉.၈.၂၀၂၅) မှ (၂၁.၈.၂၀၂၅)ရက်နေ့ အထိ သင်တန်းဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း ထိုသင်တန်းသို့ ကန့်ဘလူခရိုင် စားသုံးသူရေးရာဦးစီး ဌာနမှဝန်ထမ်း(၂)ဦး တက်ရောက်ခဲ့ပါသည်။

          အဆိုပါသင်တန်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်တာဝန်ခံမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ဦးစီးဌာနဖြစ်ပေါ်လာပုံ၊ ဦးစီးဌာန၏ ရည်ရွယ်ချက်၊ ဝန်ကြီးဌာန၊ ဦးစီးဌာန၊ တိုင်း၊ ခရိုင်၊ မြို့နယ်တို့၏ ဖွဲ့စည်းထားရှိပုံများ၊ ဦးစီးဌာန၏ အထိမ်းအမှတ် အခမ်းအနားနေ့(၄)ခုရှိကြောင်း၊ ဝန်ကြီးဌာန/ဦးစီးဌာန၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများအသေးစိတ်ရှင်းလင်းခြင်းနှင့် သင်တန်းတွင် “ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့် သင်တန်းဖွင့်လှစ်ပို့ချခဲ့ပါသည်။ ထိုသင်တန်းခေါင်းစဉ်အောက်တွင် မြန်မာနိုင်ငံ၏ပတ်ဝန်ကျင်ထိန်းသိမ်းရေးကြိုပမ်းမှုများ၊ လတ်တလော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်နေမှုများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာမူဝါဒများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေများ၊ ပတ်ဝန်းကျင်ထိခိုက်မှုလျော့နိုင်ရန် အကြံပြုချက်များ၊ ပတ်ဝန်းကျင် ဆိုင်ရာကြုံတွေ့နေရမှုများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်ရန် လိုအပ်ရခြင်းအကြောင်းရင်းများ၊ တိုးမြှင့်ဆောင်ရွက်ရန်လိုအပ်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် သန်းရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်များ ရေရှည်ထိန်းသိမ်းနိုင်ရန်တို့ကို အကျယ်တဝင့် သင်တန်းပို့ချခဲ့ပြီး သင်တန်းသူ/သား(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)