
အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာနသည် ဥရောပသမဂ္ဂသို့ နှစ်စဉ် ဇီဝဒီဇယ်တင်ပို့မှု တိုးတက်မှုနှုန်းအား ၆.၇ ရာခိုင်နှုန်းခန့် ရှိလာရန် ခန့်မှန်းထားကြောင်း ဝန်ကြီးဌာန၏ နိုင်ငံ တကာ ကုန်သွယ်ရေးညှိနှိုင်းမှု ညွှန်ကြားရေးမှူးချုပ် Djatmiko Bris Witjaksono မှ သြဂုတ် လ ၂၇ ရက်နေ့က ဂျာကာတာတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဝန်ကြီးဌာန၏ အဆိုအရ အင်ဒိုနီးရှားနိုင်ငံ၏ ဇီဝဒီဇယ်တင်ပို့မှုသည် ၂၀၁၉ ခုနှစ်တွင် COVID ဖြစ်ပွားပြီးနောက် ၂၀၂၀-၂၀၂၁ တွင် စံချိန်တင်ကျဆင်းသွားခဲ့ပြီး လွန်ခဲ့သည့် ဆယ်စုနှစ်များ အတွင်း အတက်အကျများလည်းရှိကြောင်း ထိုသို့ကျဆင်းရခြင်းမှာ COVID-19 ရောဂါနှင့် တစ် ကမ္ဘာလုံးဆိုင်ရာ ဒီဇယ်တင်ပို့မှုကျဆင်းခြင်းတို့ကြောင့် ဖြစ်ကြောင်းသိရသည်။ ၂၀၂၀ မှ ၂၀၂၄ COVID ကာလအတွင်း အီယူသို့ အင်ဒိုနီးရှား ဇီဝဒီဇယ်တင်ပို့မှုမှာ ၆.၇ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး နှစ်စဉ်ပျမ်းမျှ အမေရိကန်ဒေါ်လာ ၃၁၉.၇ သန်း တန်ဖိုးရှိခဲ့သည်။ အင်ဒိုနီးရှားသည် ၎င်း၏ စွမ်းအင် အကူးအပြောင်း ရည်မှန်းချက်များနှင့်အညီ ပို့ကုန်များအား ပြည်တွင်းဝယ်လိုအားနှင့် ညှိရမည် ဟု Djatmiko က အလေးပေးပြောကြားခဲ့သည်။ ဇီဝဒီဇယ်သုံးစွဲမှုသည် ၂၀၄၅ ခုနှစ် တွင် ၁၅.၆ သန်း ကီလိုလီတာ ရောက်ရှိပြီး အနာဂတ်ပို့ကုန်ပမာဏကို လွမ်းမိုးနိုင်ရန်မျှော်မှန်း ထားကြောင်းသိရသည်။ အင်ဒိုနီးရှား-အီးယူ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘော တူညီချက် (IEU-CEPA) မှ တစ်ဆင့် EU သည် အထူးသဖြင့် စားအုန်းဆီနှင့် ၎င်းမှကုန်ပစ္စည်း များအတွက် စျေးကွက်ဝင်ရောက်ခွင့်လမ်းကြောင်းများ ပိုမိုပွင့်လာစေမည်ဖြစ်သည်။
Source : Xinhua
DOCA (ရန်ကုန်)