
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဩဂုတ်လ ၆ ရက်က စည်းကြပ်ခွန် စည်းကြပ် လိုက်ပြီးနောက် ကမ္ဘာ့အကြီးဆုံး ပို့ကုန်တင်ပို့မှုတွင် ထိခိုက်နစ်နာခဲ့ရသည့် ဘရာဇီးလ် အမဲသားကို ဒုတိယအကြီးဆုံး တင်သွင်းသူအဖြစ် အမေရိကန်နိုင်ငံအား မက္ကဆီနိုင်ငံက ကျော် တက်ခဲ့ကြောင်း ဘရာဇီးလ် အသားတင်ပို့သည့် စက်မှုလုပ်ငန်းအသင်း Abiec က သြဂုတ်လ ၂၆ ရက်နေ့တွင် ပြောကြားခဲ့သည်။ အမေရိကန် သွင်းကုန်ခွန် ၂၆.၄ ရာခိုင်နှုန်း ပေးဆောင် ထားပြီးဖြစ်သည့် ဘရာဇီးအမဲသားသည် ယခုအခါ နောက်ထပ် ၅၀ ရာခိုင်နှုန်း အခွန် စည်းကြပ်မှုနှင့် ရင်ဆိုင်နေရသည်။ ဩဂုတ်လ ၁ ရက်မှ ၂၅ ရက်အတွင်း ဘရာဇီးလ်သည် မက္ကဆီကိုသို့ အမဲသား မက်ထရစ်တန်ချိန် ၁၀၂၀၀ တင်ပို့ခဲ့ကြောင်း Abiec အချက်အလက် များအရ သိရသည်။ ဘရာဇီးမှ အမေရိကန်သို့ တင်ပို့မှုမှာ စုစုပေါင်း တန်ချိန် ၇၈၀၀ ရှိပြီး ကန် ဒေါ်လာ ၄၃.၆ သန်းတန်ဖိုးရှိကာ ရုရှားနှင့် ချီလီ နှစ်နိုင်ငံစလုံးသို့ တင်ပို့သည့် တန်ချိန် ၇၉၀၀ အောက်တွင်လည်း ရှိနေသည်။ ယခုနှစ် ပထမခုနစ်လအတွင်း ဘရာဇီးနိုင်ငံမှ မက္ကဆီကိုနိုင်ငံ သို့ ကန်ဒေါ်လာ ၃၆၅ သန်းတန်ဖိုးရှိသော အမဲသား ၆၇၆၅၉ တန် တင်ပို့ခဲ့ပြီး ယခင်နှစ်အလား တူကာလက ပမာဏထက် သုံးဆနီးပါး တင်ပို့ခဲ့ကြောင်းသိရသည်။ ဇန်နဝါရီမှ ဇူလိုင်လအထိ ဘရာဇီးလ်၏ အကြီးမားဆုံး အမဲသားတင်ပို့သည့်နိုင်ငံများမှာ တရုတ်၊ အမေရိကန်၊ ချီလီနှင့် မက္ကဆီကိုတို့ ဖြစ်သည်။ ဘရာဇီးအစိုးရ၏ မစ်ရှင်သည် ယခုသီတင်းပတ်အတွင်း မက္ကဆီကို နိုင်ငံသို့သွားရောက်မည်ဖြစ်သည်။ Abiec က ၎င်း၏ ဦးစားပေးလုပ်ငန်းတစ်ခုသည် လွတ်လပ် သောကုန်သွယ်မှုသဘောတူညီချက်ကို ညှိနှိုင်းရန်ဖြစ်ပြီး မက္ကဆီကိုတွင် ငွေကြေးဖောင်းပွမှု နှင့် မြင့်မားသောစျေးနှုန်းများ (Pacic) ဟုခေါ်သော ပက်ကေ့ခ်ျကို နှစ်နှစ်သက်တမ်းတိုးရန် အရေးကြီးကြောင်း မှတ်ချက်ပြုခဲ့သည်။"ကုန်သွယ်မှုဆက်ဆံရေး အပြည့်အဝ ပြန်လည်ထူ ထောင်နိုင်ရေးအတွက် ဘရာဇီးအစိုးရနှင့် အမေရိကန် တင်သွင်းသူများသည် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း Abiec က ပြောကြားခဲ့သည်။
Source : Yahoo Finance
DOCA (ရန်ကုန်)