
ဥဇဘက်ကစ္စတန်နှင့် ဂျပန်နိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာစေပြီး ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန် သဘောတူညီခဲ့ကြကြောင်း ဒေသတွင်းမီဒီယာများက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။ ဥဇဘက်သမ္မတ Shavkat Mirziyoyev သည် ဂျပန်နိုင်ငံ ခြားရေးဝန်ကြီး Takeshi Iwaya ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ ခဲ့ကြောင်း Uzbek သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် နိုင်ငံရေး ဆွေးနွေးပွဲများ ပိုမိုနက်ရှိုင်းလာစေရန်နှင့် ကုန်သွယ်မှုနှင့် စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေးနှင့် နည်းပညာနယ်ပယ်များတွင် လက်တွေ့ကျသော ပရောဂျက်များကို မြှင့်တင်ဆောင်ရွက်ပေးခြင်းအပြင် ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးတို့ကို အလေးထား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Source : Xinhua
DOCA (ရန်ကုန်)