
လာအိုနိုင်ငံသည် နိုင်ငံတော်၏ အာဟာရနှင့် ပြည်သူ့ကျန်းမာရေးကို မြှင့်တင်ရန် ရည်ရွယ်၍ ဆန်အားဖြည့်ခြင်း ပရောဂျက်များကို စတင်ခြင်းဖြင့် အာဟာရချို့တဲ့မှုကို တိုက် ဖျက်ရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ လာအိုကျန်းမာရေး ဝန်ကြီးဌာ နမှ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်များနှင့် အခြားသက်ဆိုင်သူများ လာအို နိုင်ငံ၌ စံနှုန်းနှင့် အာဟာရဖူလုံရေးဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတစ်ခု သြဂုတ်လ ၂၇ ရက်နေ့တွင် စုဝေးကျင်းပခဲ့ကြောင်း လာအိုသတင်းအေဂျင်စီ၏ ဖော်ပြချက် အရသိရသည်။ ထိုပရောဂျက်များသည် သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါကို ဖြေရှင်းရန် အဖြေကို ပေးဆောင်နိုင်မည်ဖြစ်ပြီး ယင်းသည် တစ်နိုင်ငံလုံးရှိ ကိုယ်ဝန်ဆောင်အမျိုးသမီး ၄၀ ရာခိုင် နှုန်းနှင့် ငါးနှစ်အောက်ကလေးများ၏ ၄၄ ရာခိုင်နှုန်းအတွက် အကျိုးသက်ရောက်မှုရှိ မည်ဖြစ်သည်။ သံဓာတ်ချို့ယွင်းမှုကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ သင်ယူမှုချို့ယွင်းခြင်း၊ ကြီး ထွားမှု နှောင့်နှေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များတွင် အာရုံကြောပြွန်ချို့ယွင်းခြင်း ကဲ့သို့ သော မွေးရာပါချို့ယွင်းချက်များကို ဖြစ်ပေါ်စေနိုင်သည်။ ၂၀၂၀ ခုနှစ်တစ်ခုတည်းတွင် သွေး အားနည်းရောဂါနှင့် ဆက်စပ်သော ကျန်းမာရေးပြဿနာများကြောင့် စီးပွားရေး ဆုံးရှုံးမှုသည် အမေရိကန်ဒေါ်လာ ၂၄၁ သန်းကျော်ရှိခဲ့သည်ဟု အစီရင်ခံစာအရသိရသည်။ ယင်းပြဿနာကို ကိုင်တွယ်ဖြေရှင်းရန်အတွက် လာအိုနိုင်ငံသည် ၂၀၂၅ ခုနှစ် အစောပိုင်းတွင် အမျိုးသားဆန် အားဖြည့်ခြင်းစီမံကိန်းများကို စတင်ခဲ့သည်။ ဆန်သည် လာအိုနိုင်ငံ၏ အဓိကအစားအစာဖြစ် ပြီး အားဖြည့်ဆန်သည် ပုံမှန်ဆန်နှင့် အရသာကွဲပြားသော်လည်း ကျန်းမာရေးနှင့် ဖွံ့ဖြိုးမှု အတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝပါသည်။ လာအိုကျန်းမာ ရေး ဝန်ကြီးဌာနသည် ဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်များထံမှ နည်းပညာပံ့ပိုးမှုဖြင့် အားဖြည့် ဆန်ကို အမျိုးသားစားနပ်ရိက္ခာစနစ်သို့ ပေါင်းစည်းရန် အစိုးရ၏ကြိုးပမ်းမှုများကို ဦးဆောင် လျက်ရှိသည်။ ဤအစီအမံများသည် အားဖြည့်ဆန်များ အန္တရာယ်ကင်း၍ တသမတ်တည်း ထုတ်လုပ်မှုကို အာမခံနိုင်မည်ဖြစ်ပြီး အရည်အသွေး အာမခံချက်ဖြင့် လူထု၏ယုံကြည်မှုကို တည်ဆောက်ရန် လမ်းညွှန်ပေးမည်ဖြစ်သည်။ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲသည် အဆိုပါစံနှုန်းများသတ်မှတ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးခြင်းလုပ်ငန်းစဉ်၏အစဖြစ်ပြီး လာအို နိုင်ငံတစ်ဝှမ်း အာဟာရနှင့်ကျန်းမာရေး ရေရှည်တိုးတက်မှုအတွက် ခိုင်မာသောအခြေခံ အုတ်မြစ်ချပေးနိုင်မည်ဟုယုံကြည်ကြသည်။
Source : Xinhua
DOCA (ရန်ကုန်)