
၂၇.၈.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် စားသုံးသူပြည်သူတစ်ဦးမှ စားသုံးသူထိခိုက် နစ်နာခြင်းနှင့်စပ်လျဉ်း ၍ ဆွေးနွေးမေးမြန်းခြင်းအား ပြန်လည်ဆွေးနွေးဖြေကြားခဲ့သည်။
ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံက စားသုံးသူများအနေဖြင့် ကုန်စည်၊ ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် ထိခိုက်နစ်နာမှုများရှိပါက ပြန်လည်ကုစားနိုင်ခြင်း၊ တိုင်ကြားနိုင်ခြင်း အခွင့်အရေးများရှိပါကြောင်း၊ တိုင်ကြားမည်ဆိုပါက စားသုံးသူရေးရာ ဦးစီးဌာနသို့ လူကိုယ်တိုင် ဖြစ်စေ၊ ဖုန်းခေါ်ဆို၍ဖြစ်စေ၊ Consumer Call Center-1535 သို့ဖုန်းခေါ်ဆို၍ဖြစ်စေ၊ www.doca.gov.mm website မှဖြစ်စေ၊ DOCA Myanmar Mobile Application မှဖြစ်စေတိုင်ကြားနိုင်ကြောင်း၊ အဆိုပါ တိုင်ကြားမှုများကို စားသုံးသူရေးရာ ဦးစီးဌာနမှ လက်ခံဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။
DOCA (မွန်)