Main menu

ဧရာဝတီတိုင်းဒေသကြီး ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ၈/၂၀၂၅ အစည်းအဝေး ပြုလုပ်

Powered by Drupal

        စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ၊ တိုင်းရုံးတွင် ဩဂုတ်လ (၂၅) ရက်နေ့ ၊ ၁၄:၀၀ နာရီ ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ၈/၂၀၂၅ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပါသည်။

          ပုဂ္ဂလိကစက်မှုမှတ်ပုံတင်လျှောက်ထားလာသည့် ကွင်းဆင်းစစ်ဆေးပြီးသော လုပ်ငန်း (၃၀) ခုအား စက်မှုမှတ်ပုံတင်ခွင့်ပြုရန်အတွက် ဆွေးနွေးခဲ့ပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် မေလ အတွင်း သက်တမ်းစေ့ရောက်သော်လည်း သက်တမ်းတိုးမြှင့်ခြင်း မရှိသည့်လုပ်ငန်း (၁၇) ခုအား မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ရန် ဆွေးနွေးခဲ့ပါသည်။ ကွင်းဆင်စစ်ဆေးပြီးသော လုပ်ငန်း (၃၀) ခုမှာ ပုဂ္ဂလိကစက်မှုမှတ်ပုံတင်ရန် သက်ဆိုင်ရာဌာနများဖြစ်သော စည်ပင် ၊ မီးသတ် ၊ ကျန်းမာရေး ၊ လျှပ်စစ်၊ ခစဖ ၊ ပတ်ဝန်းကျင် ၊ သစ်တောဌာနတို့မှ အထောက်အထားများ ပြည့်စုံစွာတင်ပြလာမှုအပေါ် အဖွဲ့မှ ထောက်ခံတင်ပြခဲ့ပြီး အဖွဲ့ဝင်များ၏ သဘောထားမှတ်ချက်နှင့်အတူ ရုံးချုပ်သို့ တင်ပြနိုင်ရေး ဆွေးနွေး ဆုံးဖြတ်ခဲ့ပါသည်။

DOCA (ဧရာဝတီ)