Main menu

ညောင်တုန်းမြို့နယ် စားအုန်းဆီ လက်လီအရောင်းဆိုင်မှ ဆီရောင်းချမှုများကို ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ် ၅ရပ်ကွက်တွင် ၂၇.၈.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်က မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့၊ တို့ပူးပေါင်း၍ ပြည်သူများအား ဆီရောင်းချရာတွင် သတ်မှတ်ချက်များနှင့်မညီ ရောင်းချနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

     စစ်ဆေးဆောင်ရွက်ရာတွင် ညောင်တုန်းမြို့နယ် ဦးရဲထွန်းဦး လက်လီ အရောင်းဆိုင်တွင် ဆီရောင်းချရာ၌ ပြည်သူများအတွက်  ဆီဈေးနှုန်း ၆၇၆၅ကျပ်၊ ဆီပိဿာ ၂၀၈ ကို သတ်မှတ်အလေးချိန် ပြည်ဝစွာရောင်းချနိုင်ရေး၊  သတ်မှတ်ဈေးနူန်းနှင့် ဆီထုတ်ယူခွင့် စာအုပ်များအား စနစ်တကျ မှန်ကန်စွာ ရောင်းချမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)