
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် စားသုံးသူရေးရာကော်မတီ၏ ဒုတိယအကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၆.၈.၂၀၂၅ ရက်နေ့ ၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မအူပင်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် မအူပင် ခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဌ မှ အဖွင့်အမှာစကားပြောကြားရာ ပြည်သူများအတွက် အစားအသောက်၊ ကုန်ပစ္စည်း သုံးစွဲမှုဟာ ညေးကင်းရျင်းစေဖို့ အရေးကြီးကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွာကာကွယ်ရေးလုပ်ငန်းသည် အဓိကအလေးထား ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း၊ ဈေးကွက်တွင်း စစ်ဆေးခြင်းများ၊ အသိပညာပေးခြင်းများ၊ ထုတ်ကုန်မလုံခြုံသော ကုန်စည်များ ပပျောက်စေရန် အရေးကြီးကြောင်း၊ စားသုံးသူနစ်နာမှု မရှိစေရေး အောက်ခြေအထိ အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သင့်ကြောင်း အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အတွင်းရေးမှူး မှ အထက်ဌာနများ၏ ညွှန်ကြားချက်များနှင့် အမှာစာများကိုဆွေးနွေးခဲပြီး အခြား သက်ဆိုင်ရာဌာနအဖွဲ့ဝင်များက စားသောက်ဆိုင်ဝန်ဆောင်မှု လုပ်ငန်းများကို မကြာခဏ စစ်ဆေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စားသုံးသူများ နေ့စဉ် ထိတွေ့မှု အများဆုံးရှိသော စားသောက်ဆိုင်များတွင် သန့်ရှင်သပ်ရပ်စွာ ကိုင်တွယ်ခြင်း၊ ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် ဆောင်ရွက်ပေးသင့်ကြောင်း၊ ဌာနများ၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာမှုမ၇ှိသော လုပ်ငန်းများကို ထိရောက်စွာ အရေးယူဆောင်ရွက်သင့်ကြောင်း၊ စားသုံးသူကာကွယ်ရေး ကော်မတီသည် ခရိုင်မြို့နယ်အတွင်း အဓိကအရေးပါသော အဖွဲ့အစည်းဖြစ်၍ ပြည်သူများ ဘေးအန္တရာယ်ကင်းစွာ ကုန်စည်နှင့် ဝန်ဆောင်မှု ကဏ္ဍများကို အသုံးပြုနိုင်ရန် ကာကွယ်ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း ဆွေးနွေးကြသည်။ မအူပင် ခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဌ မအူပင် ခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဌ နိဂုံးချုပ်အနေဖြင့် အဖွဲ့ဝင်များက အစည်းအဝေးကို ဆောင်ရွက်ရာတွင် ကဏ္ဍအသီးသီးအလိုက် တင်ပြဆွေးနွေးနိုင် ရန်နှင့် အခြေခံလူတန်းစားမှ ၊ အလွှာအသီးသီး လူတန်းစားမခွဲခြားပဲ စားသုံးသူ တန်းတူအခွင့်အရေး ရရှိရေး အခြေခံအဆင့်ဆင့် ဆွေးနွေးတင်ပြနိုင်ရန်လိုအပ်ကြောင်း အထက်ဌာန၏ အမိန်၊ ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ရန်ကို အသိပေးမှာကြား ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို (၁၅:၃၀)နာရီတွင် ရှုပ်သိမ်းခဲ့ကြောင်း သိရပါသည်၊၊
DOCA(ဧရာဝတီ)