Main menu

ရွှေဘိုခရိုင်၏ (၈/၂၀၂၅)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/ မရှိနှင့် အထက်ဌာန၏ လမ်းညွှန်ချက်များအရ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

           ရွှေဘိုခရိုင်အနေဖြင့်(၈/၂၀၂၅)လအတွင်း ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်ဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ဈေးကွက်ရောက်ပြီးကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ (ရွှေဖီညွန့်) ဆီနှင့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်၊ အမှတ်(၃)ရပ်ကွက်ရှိ (မေခ)နှင့် Ivory ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အား လည်းကောင်း၊ ဈေးကွက်မရောက်မီ ကုန်စည်များဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ရွှေဘိုမြို့ အမှတ်()ရပ်ကွက် ရေဦးလမ်းရှိ အောင်တံခွန်အမှတ်တံဆိပ် ပေါင်မုန့်၊ ကိတ်မုန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းအားလည်းကောင်း ဆောင်ရွက်ခဲ့ကြပြီး ဌာန၏ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါ အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)