
သြဂုတ်လ ၁၈ ရက်နေ့တွင် Druzhba ပိုက်လိုင်းမှတစ်ဆင့် Slovakia သို့ သဘာဝရေနံ တင်ပို့မှုကို ရပ်ဆိုင်းလိုက်သော်လည်း ၎င်း၏ပိုင်နက်အတွင်း ဖြတ်သန်းသွားလာမှုကို ထိခိုက်မှုမရှိဘဲ ဆက်လက်လုပ်ဆောင်နေကြောင်း Slovak အော်ပရေတာ Transpetrol ကပြောကြားခဲ့ပါသည်။ Hungarian နိုင်ငံခြားရေးဝန်ကြီး Peter Szijjarto က Ukraine ပိုက်လိုင်းအား တိုက်ခိုက်ခြင်းသည် အလွန်ပင်ရက်စက်ကြောင်းနှင့် လက်ခံနိုင်ဖွယ်မရှိကြောင်း ပြောကြားခဲ့ပါသည်။ ရရှားအရာရှိများသည် ၎င်းအား ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သော ထရန်စဖော်မာဘူတာရုံကို ပြန်လည်ပြုပြင်ပေးမည်ဖြစ်ကြောင်း နှင့် ထောက်ပံ့မှုများကို ပြန်လည်စတင်ရန်အတွက် အချိန်သတ်မှတ်ထားခြင်းမရှိကြောင်း ပြောကြားခဲ့ပါသည်။ ယူကရိန်းနိုင်ငံ နိုင်ငံခြားရေးရာဒုဝန်ကြီး Andrii Sybiha က အဆိုပါစွပ်စွဲချက်ကို ပယ်ချခဲ့ပြီး ရရှားစွမ်းအင်အပေါ် မှီခိုနေသည့် Hungary နိုင်ငံအား ဝေဖန်မှုများပြုလုပ်ခဲ့ကြောင်း သိရပါသည်။ အဆိုပါရပ်တန့်မှုများဖြစ်ပေါ်နေသော်လည်း Hungary နိုင်ငံရေနံနှင့် သဘာဝဓာတ်ငွေ့ အဖွဲ့အစည်း MOL က ပြည်တွင်းထောက်ပို့မှုများသည် ကောင်းမွန်ဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
Source: Xinhua
DOCA (ရန်ကုန်)