Main menu

၂၀၂၅ ခုနှစ်တွင် သီရိလင်္ကာတွင် နိုင်ငံခြားခရီးသည် လည်ပတ်မှုများ ၁.၅ သန်းခန့်ကျော်လွန်

Powered by Drupal

           နိုင်ငံခြားရေးရာဝန်ကြီးဆိုသူ Vijitha Herath က လူမှုကွန်ရက်ပလက်ဖောင်းတွင် သီရိလင်္ကာသို့ နိုင်ငံခြားခရီးသွားဦးရေ ၁.၅ သန်းကျော် ရောက်ရှိနေပြီဖြစ်ကြောင်း တင်ပြခဲ့ပါသည်။ သီရိလင်္ကာနိုင်ငံ ခရီးသွားဖွံ့ဖြိုးမှုအာဏာပိုင်အဖွဲ့အစည်းမှ ထုတ်ပြန်သော အချက်အလက်များအရ ခရီးသွားလည်ပတ်သူဦးရေပေါင်း ၁၅၀၀၆၅၆ ဦး ရှိနေပြီဖြစ်ကြောင်း သိရပါသည်။

       နိုင်ငံခြား ခရီးသည်အများစုသည် အိန္ဒိယလူမျိုး၊ ဗြိတိန်လူမျိုး၊ ရရှားလူမျိုး၊ ဂျာမနီလူမျိုး၊ တရုတ်လူမျိုးများဖြစ်ကြောင်း သိရပါသည်။ သီရိလင်္ကာနိုင်ငံ‌‌ငွေကြေးလှဲလှယ်‌ရေးအဖွဲ့အစည်း၏ ထုတ်ပြန်ချက်များအရ နိုင်ငံခြားခရီးသွားလည်ပတ်မှုမှရရှိသော ဝင်ငွေများသည် အများဆုံးဖြစ်ကြောင်း သိရပါသည်။ သီရိလင်္ကာနိုင်ငံဗဟိုဘဏ်မှ ထုတ်ပြန်သော အချက်အလက်များအရ သီရိလင်္ကာနိုင်ငံသည် ယခုနှစ် ပထမ ၇ လအတွင်းတွင် နိုင်ငံခြားခရီးသွားလည်ပတ်မှုများမှ အမေရိကန်‌ဒေါ်လာ ၂ ဘီလီယံခန့်ရရှိခဲ့ကြောင်း သိရပါသည်။

Source: Xinhua 

DOCA (ရန်ကုန်)