
သြစတြေးလျနိုင်ငံမှ ဂရပ်ဖစ်ဒီဇိုင်းပလက်ဖောင်း Canva သည် ယခုနှစ်အတွက် IPO ၏ အစီရင်ခံစာမထုတ်မှီတွင် ၎င်း၏ဝန်ထမ်းရှယ်ယာများကို အမေရိကန်ဒေါ်လာ ၄၂ ဘီလီယံဖြင့် စတင်ရောင်းချတော့မည်ဟု ကြေညာခဲ့ကြောင်း သိရပါသည်။ ကုမ္ပဏီသည် ၎င်းတို့ထံတွင် အသုံးပြုနေသည့် သန်း ၂၄၀ ကျော်အတွက် AI ကိရိယာများတွင် ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံမှု များ ပြုလုပ်နေစဥ်တွင် အဆိုပါအစုရှယ်ယာများကို ရောင်းချလိုက်ခြင်း ဖြစ်ကြောင်း သိရပါသည်။ ရန်ပုံငွေဝိုင်းမှ ဝန်ထမ်းများသည် ၎င်းတို့၏ ရှယ်ယာများကို လက်ရှိရင်းနှီးမြှုပ်နှံသူနှင့် ရင်းနှီး မြှုပ်နှံသူအသစ်များ ထံသို့ ပြန်လည်ရောင်းချနိုင်ကြောင်းသိရပါသည်။ လက်ရှိတွင် JPMorgan သည် ရင်းနှီးမြှုပ်နှံသူအသစ်အဖြစ် ပါဝင်လျက်ရှိကြောင်း သိရပါသည်။ ၂၀၁၃ ခုနှစ်တွင် တည်ထောင်ခဲ့သော Canva ကုမ္ပဏီသည် ဝက်ဆိုဒ်အခြေပြု ပလက်ဖောင်းဖြစ်ပြီး ၎င်းတွင် အသုံးပြုသူများသည် ဝက်ဆိုဒ်ဖိတ်ကြားခြင်းများနှင့် မွေးနေ့ကတ်များကဲ့သို့ လူမှုကွန်ရက်တွင် ပို့စ်တင်ရန်အတွက် ဒီဇိုင်းများကို ဖန်တီးနိုင်သည့် ပလက်ဖောင်းတစ်ခုဖြစ်ပါသည်။ ကုမ္ပဏီသည် လက်ရှိတွင် AI အားပြုကိရိယာများကို စတင်မိတ်ဆက်နေပြီး အဆိုပါ ကိရိယာများသည် အင်္ဂလိပ် ဘာသာစကားကိုအသုံးပြု၍ ဒီဇိုင်းများနှင့် ပုံရိပ်ယောင်များကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ Canva သည် ၎င်း၏ တစ်နှစ်ပတ်လုံး ဝင်ငွေလမ်းကြောင်းသည် အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံခန့် ရောက်ရှိခဲ့ကြောင်း အစီရင်ခံတင်ခဲ့ပါသည်။
Source: CNA
DOCA (ရန်ကုန်)