Main menu

ဗီယက်နမ်နိုင်ငံသည် ကုန်သွယ်မှု တိုးမြှင့်ရန် အခွင့်သာသော အခြေအနေများကိုဆွေးနွေး

Powered by Drupal

          ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် Pham Minh Chinh က ဗီယက်နမ်စီးပွားရေးလုပ်ငန်းများ တည်ငြိမ်စွာ လည်ပတ်ရန်နှင့် နိုင်ငံအတွင်း ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ ချဲ့ထွင်နိုင်ရေးအတွက် အထောက်အပံ့ကောင်းများ ဆက်လက်ဖန်တီးပေးရန် ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် Hun Manet  အား ၁၈-၈-၂၀၂၅ ရက်နေ့က တိုက်တွန်းခဲ့သည်။ နှစ်နိုင်ငံ ကုန်သွယ်မှု ရည်မှန်းချက်ကို မကြာမီ အကောင်အထည်ဖော်ရန်၊ အောင်မြင်စေရန်၊ နယ်စပ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်၊ နယ်စပ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးတို့ကို လက်တွေ့ကျကျ ထိရောက်စွာ မြှင့်တင်ဆောင်ရွက်သွားရန် နှစ်ဖက်သဘောတူညီခဲ့ကြကြောင်း သိရသည်။  တော်ဝင်အစိုးရ အကြီးအကဲအဖြစ် (၂)နှစ်အကြာ တာဝန်ထမ်းဆောင်ပြီးနောက် ၀န်ကြီးချုပ် Hun Manet  သည် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးခဲ့ပြီး ကမ္ဘောဒီးယားပြည်သူများ၏ ဘဝနေထိုင်မှုမှာလည်း ပိုမိုတိုးတက်ကောင်းမွန်လာစေရန် လုပ်ဆောင်ခဲ့ခြင်းတို့ကြောင့် ဝန်ကြီးချုပ် Chinh မှ ဝမ်းမြောက်မိပါကြောင်း ပြောကြားခဲ့သည်။ Chinh က ကမ္ဘောဒီးယားနှင့် ဗီယက်နမ်ကြား ဆက်ဆံရေးသည် အထူးသဖြင့် ၂၀၂၅ ခုနှစ်တွင် သိသာထင်ရှားစွာ တိုးတက်လာကြောင်းနှင့် ဗီယက်နမ်နိုင်ငံသည် ကမ္ဘောဒီးယား၌ လာရောက် ရင်းနှီးမြှုပ်နှံသည့် အာဆီယံအဖွဲ့ဝင်အားလုံးတွင် အများဆုံးရင်းနှီးမြှုပ်နှံထားပြီး ကမ္ဘောဒီးယား နိုင်ငံ၏ ပဉ္စမမြောက်အကြီးဆုံး ရင်းနှီးမြှုပ်နှံသူလည်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် သီဟိုဠ်စေ့၊ ရော်ဘာနှင့် ဆန်ကဲ့သို့သော စိုက်ပျိုးရေးကုန်ကြမ်းများကို ဗီယက်နမ်နိုင်ငံသို့ အဓိကတင်ပို့နေပြီး ဗီယက်နမ်မှ တင်သွင်းသည့် သွင်းကုန်များမှာ သံမဏိနှင့် စက်ယန္တရားများအပါအဝင် လူသုံးကုန်ပစ္စည်းများဖြစ်ကြောင်း မကြာသေမီက ထုတ်ပြန်ခဲ့သော အကောက်ခွန်နှင့် အခွန်ကြီးကြပ်မှုဦးစီးဌာန (GDCE) ၏ အစီရင်ခံစာအရ သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)