Main menu

ဘားအံမြို့ရှိ ဖိုးလမင်းကုန်တိုက်သို့  ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်စုနွေးသီရိမောင် ဦးဆောင်၍ စားသုံး/ထုတ်လုံဌာနခွဲမှ ဝန်ထမ်းများသည် (၁၉-၈-၂၀၂၅) ရက် ၊ နေ့လယ် (၁၃:၀၀) နာရီ အချိန်တွင် ဘားအံမြို့ရှိ  ဖိုးလမင်းကုန်တိုက်တွင်  ရောင်းချနေသော ကလေးအာဟာရဖြည့်စွက်စာ အမျိုးမျိုးနှင့် ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက် အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ‌ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီက  သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့်  ကုန်စည် (၁၀) မျိုးထဲမှ ကလေးအာဟာရဖြည့်စွက်စာ အမျိုးမျိုးနှင့် ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးဖြစ်သည့် ကလေးအဝတ်လျှောက်ဆပ်ပြာဆီ Babi Mild အမှတ်တံဆိပ် နှင့် ရေခဲဒိုက်ဘာ BABY KEN  အမှတ်တံဆိပ်တို့ တွင် ကုန်အညွှန်းအမှတ် အသား ပြည်စုံစွာဖော်ပြထားမှု ရှိကြောင်းစိစစ်တွေ့ရှိရပါသည်။ ဆက်လက်၍ စစ်ဆေးရေးအရာရှိ ဒေါ်စုနွေးသီရိမောင်က ဖိုးလမင်းကုန်တိုက် တွင် ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးနှင့် ကလေး အသုံးအဆောင်ပစ္စည်းအမျိုးမျိုးတို့ကို သက်ဆိုင်ရာဌာနများ၏ စည်းမျဉ်းစည်းကမ်းနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန် ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့်အညီ ပြဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ကုန်စည်များကို မရောင်းချရန် စစ်ဆေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(DOCA ကရင်)