
စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် ဩဂုတ်လ(၁၃)ရက်နေ့ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ ကြံခင်းမြို့၊ ရွာသစ်တောင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းမုန့်ဈေးတန်းတွင် ရောင်းချ သော မုန့်ဆိုင်များအားဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းခဲ့ရာတွင် ကျောင်းဈေးတန်းတွင်ရောင်းချသော မုန့်များတွင်ရက်လွန်ခြင်း၊ မှိုတက် ခြင်းများ ရောင်းချမှု ရှိ/မရှိ၊ တားမြစ်ဆိုးဆေးသုံးစွဲထားသော မုန့်များရောင်းချမှုမရှိစေရေးနှင့် စားသုံးသူ မိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချ နေသော ကုန်စည် များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ၊ သတ်တမ်းလွန်ကုန်စည်များရောင်းချခြင်းရှိ/မရှိ တို့ကို စစ်ဆေး ခဲ့ပါသည်။ဆက်လက်၍ ကျောင်းသား/သူများအား ကုန်အညွှန်းအမှတ်အသား ဖော်ပြမှု၊ သက်တမ်း ကုန်ဆုံးမည့် ရက်စွဲများ ဖတ်ရှု ရန် သင်ကြားပေးမှုများ ပြုလုပ်ခဲ့ပြီး၊ မုန့်ရောင်းချသူ လုပ်ငန်းရှင်များ အား စားသုံးသူများ စိတ်ကျေနပ်မှုရှိ စေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကို သာရောင်းချရန်၊စားသုံးသူ ကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များ အကြောင်းစသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
EYDNS (DOCA ဧရာဝတီ)