
စားသုံးသူရေးရာဦးစီးဌာန၏ နှစ်ပတ်လည် နေ့အဖြစ် ၂၀၂၅ခုနှစ် နိုဝင်ဘာလ ၁၄ရက်နေ့တွင် ဝန်ထမ်းများအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေများ ဖြေဆိုခြင်း၊ နိုင်ငံဝန်ထမ်းကျင့်ဝတ်အပါး ၃၀ တို့ကို ဖြေဆိုခြင်း၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကွန်ပြူတာပြိုင်ပွဲ၊ များ ယှဉ်ပြိုင်နိုင်ရေးကို မအူပင်ခရိုင်အနေဖြင့် ဝန်ထမ်းများ ပါဝင်ယှဉ်ပြိုင်နိုင်ရေး မအူပင်ခရိုင်ဦးစီးမှူးက ကြပ်မတ်ဆောင်ရွက်ခြင်းလုပ်ငန်းကို ဝန်ထမ်းထုသဘောထားတောင်းခံ ၁၅-၈-၂၀၂၅ ရက်နေ့က မေးမြန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာနမှ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ ဝန်ထမ်းလူငယ်များ စွမ်းဆောင်ရည်မြှင့်မားစေရန် ရည်ရွယ်၍ ဌာနမှ နှစ်ပတ်လည်နေ့အဖြစ်ပြုလုပ်မည့် ပြိုင်ပွဲတွင် အတွေ့အကြုံရှိစေရန်နှင့် အစိုးရဌာနဆိုင်ရာဝန်ထမ်းများကို စွမ်းဆောင်ရည်မြှင့်တင်ရေးသည် အခြေခံအကျဆုံး ဖြစ်၍ ဌာနအနေဖြင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အသိပညာပြန့်ပွားရေးကိုပါဝင်ယှဉ်ပြိင်ရန် ရွေးချယ်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်သူများအနေဖြင့် အခြေခံကျကျ အဆင့်ဆင့်လေ့ကျင့်သင်ကြားပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။ အချို့ဝန်ထမ်းများသည် သင်တန်းတက်ရောက်ရန် ငြင်းဆန်လိုကြသည်။ မိမိမရှိလျှင် လုပ်ငန်းတာဝန်များ အခက်အခဲဖြစ်ပေါ်နိုင်သည်ကို စိုးရိမ်၍လည်းကောင်း၊ အချို့မှာ ဝန်ထမ်းမှ သင်တန်း တက်ရောက်လိုသော်လည်း ဌာနကအကြောင်းကြောင်းကြောင့် စေလွှတ်မှုမရှိ၍လည်းကောင်း၊ သင်တန်းတက် ရောက်ရန် အခွင့်အရေးမရသည်များလည်း ကြားသိရပါသည်။ သို့ဖြစ်၍ မိမိလုပ်ငန်းတာဝန်ဆောင်ရွက်မှုကို အထောက်အကူဖြစ်စေမည့် သင်တန်းများ တက်ရောက်ခြင်းကို ကိုယ်တိုင်ကျေနပ်စွာ လက်ခံနိုင်ရမည်ဖြစ်သကဲ့သို့ မိမိလက်အောက်လုပ်ဖော်ကိုင်ဖက်၊ မိမိအထက်ဝန်ထမ်းများ သင်တန်းတက်ရောက်ရေးကို အားပေးကူညီရမည်ဖြစ်ပြီး ဝန်ထမ်းငယ်များအား ယခုယှည်ပြငိမှုမှ ဘဝတစ်လျှောက် တက်ရောက်ခဲ့ဖူးသော သင်တန်းများနှင့် လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်ပုံ၊ အကျိုးရှိစွာ အသုံးချနိုင်ရန်အတွက် အသိပညာပေး မှာကြားခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)