
၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါဆိုင်များမှရောင်းချလျက်ရှိသော စားသုံးဆီများအား အလေး ချိန်ပြည့်မှီ မှန်ကန်စွာရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သတ်မှတ်ရည်ညွှန်းစျေးနှုန်းအားအတိုင်း ရောင်းချနေမှုများရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)