Main menu

မိတ္ထီလာမြို့နယ်ရှိ ရွှေမေတ္တာ အာလူးကြော် လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီး မှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ့တာဝန်ခံ ၊ ဒေါ်ချောစုထွေး (ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၁၅ . ၈ . ၂၀၂၅) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ပြည်တွင်း MSMEs ကဏ္ဍလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သတ်၍ စားသုံးသူအခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ မြန်မာဘာသာဖြင့် ဖော်ပြရမည့် အချက်အလက်များအား သိရှိစေရန် ရည်ရွယ်၍ မိတ္ထီလာမြို့၊ တောမကျေးရွာရှိ “ကောင်းထက်ကျော်” ပဲကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံ ဆွေးနွေး အသိပညာပေးခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ တွေ့ဆုံရာတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက် ရေးကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းသုံးစားအုန်းဆီများကို လုပ်ငန်းခွင်များတွင် မှန် ကန်စွာသုံးစွဲရမည်ဖြစ်ကြောင်း၊လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းပစ္စည်းများသည် အရည်အသွေး ကောင်းမွန်မှုရှိရန်၊ မိမိထုတ်လုပ်သော ကုန်ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာဖြင့် ထုတ်လုပ်၍ ကျန်းမာ ရေးစနှင့် ညီညွတ်ရန် အထူးအထေးထားလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ကုန်စည်နှင့် သက်ဆိုင်သည့် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံးစွာပါရှိရမည်ဖြစ်ကြောင်း၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရန်နှင့် သက်ဆိုင်ရာ ဌာနများ၏ ပြဌာန်းချက်များကိုလည်း လိုက်နာဆောင်ရွက် ရန်လိုအပ်ပါကြောင်း ရွှေမေတ္တာအာလူးကြော် လုပ်ငန်းအနေဖြင့် စားသုံးသူ ကာကွယ် ရေးဥပဒေ (၂၀၁၉) ၏ အခန်း(၁၈) တွင်ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားတွင် ထည့်သွင်း ဖော်ပြရမည့်အချက်များအား အသိပညာပေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

DOCA(မန္တလေး)