
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏ အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ အသားငါးနှင့် ဟင်းသီးဟင်းရွက်များကို ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် စားသုံးသူ ပြည်သူများသို့ ရောင်းချပေးသလို လစဉ်၊ လတိုင်း၊ ပင်စင်စားများကိုလည်း သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင် ဦးစီးမှူးနှင့် ခရိုင်ရုံးဝန်ထမ်းများ၊ ပြည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ နှင့် ဝန်ထမ်းများသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ တိ/မွေးကုဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ဦးဆောင်သော အဖွဲ့သည် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများနှင့် ပူးပေါင်းကာ အခြေခံစားကုန်များ၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုမရှိစေရေးအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ အသားငါးနှင့် ဟင်းသီးဟင်းရွက်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)