
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံသည် (၁၄.၈.၂၀၂၅) ရက်နေ့နံနက်( ၉:၃၀ ) နာရီတွင် ဦးမင်းမင်းထွန်း ၊ တာဂွကျေးရွာရှိ သမာဓိ စိုက်ပျိုးရေးပစ္စည်းရောင်းဝယ်ရေးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ဖေါ်ပြမှုရှိစေရေးနှင့် ဓါတ်မြေသြဇာများရောင်းချမှု့နှင့် စျေးနှုန်းများ ကောက်ယူဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါသည်။
ဓါတ်မြေဩဇာစျေးနှုန်းများ စူစံတံဆိပ်လုံးသေးတစ်အိတ်လျှင် (110000/)အကြီး တစ်အိတ်လျှင် (105000/)၊ ကောမတ် (46) တစ်အိတ်လျှင် (105000/) နှင့် R မို(၁၅) ပတ်လည် တစ်အိတ်လျှင် ( 135000/ ) တို့နှင့် ရောင်းချကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)