
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ ဆန်ကုန်သည် ဆန်စက် လုပ်ငန်းရှင်များ အသင်းမှ စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဧည့်မထ ၂၅% ဆန်များကို ၂၀၂၄ခုနှစ် ဇွန်လ ၂၄ ရက်နေ့မှစ၍ ရောင်းချပေးခဲ့ရာ ယနေ့ ၂၀၂၅ခုနှစ် ဩဂုတ်လ (၁၅) ရက်နေ့တွင် ဆန်ဆိုင် (၅)ဆိုင်မှ ဆန် တစ်ပြည်လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ဆန်(၉)အိတ်ကို လူဦးရေ (၁၀၈)ဦးအားရောင်းချပြီး အသင်းဆန်ဆိုင် (၁၀)ဆိုင်မှ ဆန်တစ်ပြည်လျှင် (၃၀၀၀) ကျပ်နှုန်းဖြင့် ဆန်အိတ်(၂၀)ကို လူဦးရေ (၂၄၀) ဦးတို့ကို ရောင်းချပေး ခဲ့သည်။
DOCA(ပဲခူး)