Main menu

အာဖဂန်နစ္စတန်သည် စီးပွားရေးမြှင့်တင်ရန် သတ္တုတွင်းကဏ္ဍကို တိုးချဲ့ဆောင်ရွက်လျက်ရှိ

Powered by Drupal

         အာဖဂန်နစ္စတန်နိုင်ငံသည် အကြီးစားအသေးစား သတ္တုတူးဖော်ရေးစီမံကိန်းများကို လုပ်ဆောင်ခဲ့ပြီး ဒေသခံပြည်သူများကို အလုပ်အကိုင် ထောင်ပေါင်းများစွာ ပေးအပ်ခဲ့ကြောင်း စီးပွားရေးဆိုင်ရာ ယာယီလက်ထောက်ဝန်ကြီးချုပ်ရုံးက သြဂုတ်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး အကြီးစား မိုင်း ၂၉ ခုနှင့် အသေးစား မိုင်း ၁၇၅ ခုအား တူးဖော်ဆောင်ရွက်နေကြောင်း သိရသည်။

       ခန့်မှန်းခြေအားဖြင့် အာဖဂန်လူမျိုး ၁၇၀,၀၀၀ သည် သတ္တုတူးဖော်ရေး ကဏ္ဍတွင်ပါဝင် နေသည်။ သတ္တုတွင်းလုပ်ငန်းသည် နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပြီး အလုပ်အကိုင်နှင့် ၀င်ငွေများ ဖန်တီးပေးနေကြောင်း သိရသည်။ ၎င်း၏ ကြွယ်ဝသော သဘာဝအရင်းအမြစ်များ အသိုက်အဝန်းကြောင့် လူသိများသော အာဖဂန်နစ္စတန် နိုင်ငံသည် မကြာသေးမီနှစ်များအတွင်း ၎င်း၏ သတ္တုကြွယ်ဝမှုကို ထိန်းချုပ်ရန်နှင့် အသုံးချရန် ကြိုးပမ်းမှုများကို တိုးချဲ့ခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua

DOCA (ရန်ကုန်)