
စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ ၂၀၂၅ ခုနှစ်၊ သြဂုတ်လအတွင်း လုပ်ငန်းရှင် ၅၂ ဦးက အပ်နှံလာသော သီးနှံ အမျိုးအစား ၁၉ မျိုး၊ စုစုပေါင်းနမူနာအရေအတွက် ၁၂၈ ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၃၇၀ ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။
၂၀၂၅ ခုနှစ်၊ သြဂုတ်လအတွင်း လယ်ယာထွက်ကုန်ပို့ကုန်များအား တရုတ်၊ ဂျပန်၊ အမေရိကန်၊ သြစတေးလျနှင့် စင်္ကာပူနိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် ဆန်ဖြူ၊ ဆန်ကွဲ၊ ပေါင်းဆန်၊ ပြုတ်ဆန်၊ ဂျုံစေ့၊ နှမ်းညို၊ နှမ်းဖြူ၊ မြေထောက်ပဲ၊ မတ်ပဲ၊ ပဲလွန်း၊ ပဲလုံးညို၊ ပဲတီစိမ်း၊ ပဲထောပတ်၊ ပဲထောပတ်မှုန့်၊ နေကြာဖတ်၊ မြေပဲဖတ်နှင့် တိရစ္ဆာန်အစာတို့တွင် ပိုးသတ်ဆေး ဓာတ်ကြွင်းပါရှိမှု၊ မှိုဆိပ်ပါရှိမှု၊ သီးနှံဓာတုအရည်အသွေးနှင့် သီးနှံရူပအရည်အသွေးစသည့် ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းကိုလည်းကောင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ တင်သွင်းလာသည့် စားအုန်းဆီများ၏ အရည်အသွေးများကိုလည်းကောင်း ဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက် ခဲ့ပါသည်။
ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးဓာတ်ကြွင်းဓာတ်ခွဲခန်းမှ ၄၇ ခု၊ မှိုဆိပ်ဓာတ်ခွဲခန်းမှ ၁၈ ခု၊ ဆီနှင့်ဆီထွက်သီးနှံဓာတ်ခွဲခန်းမှ ၂၆၈ ခု၊ သီးနှံဓာတု ဓာတ်ခွဲခန်း မှ ၃၂ ခု၊ သီးနှံရူပဓာတ်ခွဲခန်းမှ ၅ ခု၊ စုစုပေါင်းဓာတ်ခွဲစမ်းသပ်မှု ၃၇၀ ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။