Main menu

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ မြို့ပေါ်ရှိ ဆေးဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ်၊ တာဝန်ခံဦးမြင့်ဌေးသည်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၄.၈.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီက  လပွတ္တာမြို့နယ်၊ မြို့ပေါ်ရှိ ဆေးဆိုင်များတွင်  ခွင့်ပြုချက်မရှိသောဆေးများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ ဆေးဆိုင်များတွင် ရောင်းချနေသော အိမ်သုံးဆေးအရောင်းဆိုင်ပိုင်ရှင်များအား စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆိုင်ရှင်များအနေဖြင့် ဆေးနှင့်ဆေးပစ္စည်းများ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆိုင်ရှင်များသို့ အသိပေးဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။ သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ ဆေးဝါးများ ဈေးကွက်အတွင်း  ရောင်းချခြင်းမပြုရန်   သက်ဆိုင်ရာဌာနများ၏ အမိန့်ညွှန်ကြားချက်များ၊   ဥပဒေများအား လိုက်နာဆောင်ရွက်ကြရန် အသိပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

  ( DOCA ဧရာဝတီ)