Main menu

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး

Powered by Drupal

     ဩဂုတ်     ၁၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများသည် ပုသိမ်တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမတွင်ပြုလုပ်သည့် ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ ကာယဗလမောင်နှင့် ကာယအလှမယ် ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပုသိမ်တက္က သိုလ်အား တက္ကသိုလ်အင်္ဂါရပ်နှင့်ပြည့်စုံစေရန် နိုင်ငံတော်မှပံ့ပိုးဆောင်ရွက်ပေးလျက်ရှိရာ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေလေ့လာဆည်းပူးရင်း ဂီတ အနုပညာ အားကစားတို့တွင်လည်း ထူးချွန်သူများဖြစ်လာအောင်အားကစားရုံ၊ အားကစားကွင်းများ ကိုလည်း အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် Recreation Center ကိုလည်း ဆောက်လုပ်နေပြီ ဖြစ်ပါကြောင်း၊ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲများ ပြုလုပ်ခြင်းဖြင့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ထူးချွန်ထက်မြက်သည့် ကာယဗလမောင်၊ ကာယအလှမယ် အားကစားသမားများ ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း၊ ကြီးကြပ်ဆောင်ရွက် ကြမည့် ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်မှုကင်းကင်းနှင့် ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်း များအတိုင်း ဆုံးဖြတ်ပေးရန်၊ ယခုပြိုင်ပွဲကတဆင့် တိုင်းဒေသကြီးအဆင့်၊ နိုင်ငံတော်အဆင့် ထိအောင်ဂုဏ်ဆောင် နိုင်ကြသည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားကြ သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

    ထို့နောက် ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌက ပြိုင်ပွဲဝင်စည်းကမ်းများအားရှင်းလင် းပြောကြားပြီးနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်၊တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက၊ တိုင်းဒေသကြီးအမျိုးသမီးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌတို့က ပုသိမ်တက္ကသိုလ်အားကစား လှုပ်ရှားမှုများနှင့် ကာယဗလမောင်နှင့် ကာယအလှမယ် ပြိုင်ပွဲအတွက် ထောက်ပံ ့ချီးမြှင့်ငွေများပေးအပ်ခဲ့ရာ ပုသိမ်တက္ကသိုလ် ခေတ္တပါမောက္ခချုပ်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။

    ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ကျောင်းသူလေးများ၏ တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်မှုများ၊ ပုသိမ်တက္ကသိုလ်အနုပညာ အသင်း၊  ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီ၏ ကပြဖျော်ဖြေမှုများ၊ ကာယဗလမောင်နှင့် ကာယအလှမယ်များ၏ ပြိုင်ပွဲဝင်ယှဉ်ပြိုင်နေမှုများ၊ ကာယဗလမောင်များ၏ သရုပ်ပြသမှုများကို ကြည့်ရှုအားပေးခဲ့သည်။

    ထို့နောက်  ဆုချီးမြှင့်ပွဲကို ဆက်လက်ပြုလုပ်ရာ ကာယဗလမောင်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူအသီးသီးကလည်းကောင်း၊ ကာယအလှမယ်ပြိုင်ပွဲတွင် နှစ်သိမ့်ဆု၊ Eposoft အလှမယ်ဆု၊ ဟန်အမူအရာအကောင်းဆုံးဆု၊ ပြုံးအလှမယ်ပိုင်ရှင်ဆုနှင့် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။ ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်သည့် ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲတွင် ပုသိမ်တက္ကသိုလ် ဘာသာရပ်အသီးသီးက ကာယဗလမောင် (၈)ဦးနှင့် ကာယအလှမယ် (၂၂) ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

(DOCA ဧရာဝတီ)