Main menu

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် နိုင်ငံစီးပွားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၀၉:၃၀ နာရီ ဝန်ကြီးချုပ် ဦးဆောင်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေ ၈၆ ဘီလီယံဖြင့် ယခင်နှစ်က သွင်းအားစု ထောက်ပံ့ခြင်းနှင့် ယခုနှစ်သွင်းအားစုပိုမိုထောက်ပံ့နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ပါသည်၊၊

          အဆိုပါအစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးထွန်းထွန်း တက်ရောက်၍ ယခင်နှစ်က နိုင်ငံ့စီးပွားရန်ပုံငွေ ၈၆ ဘီလီယံဖြင့် သွင်းအားစု ထောက်ပံ့ခြင်းကြောင့် တောင်သူများတစ်ဧက အပေါ်အရင်းအနှီးစိုက်ထုတ်နိုင်မှု အမှန်ရရှိမှု အမှန်ထွက်ရှိမှု ထွက်ကုန် တိုးချဲ့ပို့ကုန်နှစ်ဆ အပေါ် လိုက်ပါဆောင်ရွက်နိုင်မှုများအား ဆွေးနွေးခဲ့ပါသည်၊၊ ယခင်နှစ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေမှ ၈၆ ဘီလီယံ ၁ဧက ၂သိန်းဖြင့် ထုတ်ချေးပေးခဲ့သော်လည်း ယခုနှစ်တွင် ၂.၅ သိန်း ဘီလီယံ၁၀၀ထုတ်ချေးပေးမှာဖြစ်ကြောင်း ယခုနှစ် စိုက်၊ အောင်၊ ထွက်၊ စာရင်းအား အခြေခံပြီး စပါး၊ ဆန်လက်ကျန်ပေါ် အခြေခံ၍ တိုင်းပြင်ပသို့ ဆန်၊ ဆန်ထွက်ပစ္စည်းများ စီးထွက်မှုအား MyRo စာရင်းဖြင့် ထိန်းညှိပြီး ဆန်၊ ဆန်ထွက်ပစ္စည်းများ ပြည်ပသို့တင်ပို့မည့် ပို့ကုန်ပမာဏ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်၊၊

(Doca ဧရာဝတီ)