
စားသုံးသူရေးရာဦးစီးဌာနသည် ရန်ကုန်မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးကျော်ခိုင်ပါ(၃)ဦးတို့သည် (၁၅.၈.၂၀၂၅)ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် ဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)လုပ်ငန်းများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၁၃)၊ မင်းဓမ္မလမ်း၊ အရှေ့ကြို့ကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ EAGER Communication Group Co.,Ltd သို့ သွားရောက်၍ အမှုဆောင်အရာရှိ ဦးချမ်းမြဦးနှင့် အထွေထွေမန်နေဂျာ ဒေါ်သီတာမွန်တို့အား ကုမ္ပဏီမှဆောင်ရွက်လျက်ရှိသည့် ဝန်ဆောင်မှုလုပ်ငန်းများကို မေးမြန်းခဲ့ရာ မိမိတို့ကုမ္ပဏီသည် ECG အမည်ဖြင့် Possive Optical Fiber Network Access Service ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းအား Business to Business အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ End User သို့ တိုက်ရိုက်ဝန်ဆောင်မှုပေးခြင်းမဟုတ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများမှလည်း စားသုံးသူနစ်နာမှု မရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်မှ သိသင့်သိထိုက်သည့်အချက်များအား အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)