Main menu

အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိပြီးသူများအား အသိပညာပေးဟောပြောခြင်း

Powered by Drupal

 

          ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၁၁.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်၌ စားသုံးသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချ ရမှုဌာနခွဲတာဝန်ခံ ဦးနေဝေယံဦး(လက်ထောက်ညွှန်ကြားရေးမှူး)မှ အွန်လိုင်းမှတ်ပုံတင်လက်မှတ် ရရှိပြီးသူများအား ခေါ်ယူတွေ့ဆုံကာ အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိပြီးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအကြောင်း၊ တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး၊ ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင်သော်လည်းကောင်း၊ တဆင့်ပြန်လည်ရောင်းချရာတွင်သော်လည်းကောင်း ကုန်ပစ္စည်းများတွင် ပါရှိရမည့် ကုန်အညွှန်း အမှတ်အသားများအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။         

အဆိုပါဟောပြောပွဲကို ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော် ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပြီး အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိပြီးသူ(၆)ဦးနှင့် စားသုံးသူရေးရာ ဌာနခွဲနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဝန်ထမ်း(၅)ဦး စုစုပေါင်း(၁၁)ဦးတက်ရောက်ခဲ့ပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)