Main menu

ဝန်ထမ်းများစွမ်းဆောင်မှုမြှင့်တင်ရေး ဌာနတွင်း သင်တန်း (၁/၂၀၂၅ ) ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်

Powered by Drupal

    စားသုံးသူသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဝန်ထမ်းများစွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် လုပ်ငန်းများအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်  ၁၃-၈-၂၀၂၅ ရက်နေ့မှ ၁၄-၈-၂၀၂၅ ရက်နေ့ထိ (၂) ရက်တာ ဝန်ထမ်းစွမ်း ဆောင်ရည်မြှင့်တင်ရေးသင်တန်း ၁/၂၀၂၅ ကို စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် ဌာနတွင်းသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

      အဆိုပါသင်တန်းတွင် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ရုံးလုပ်ငန်းစဉ်များအကြောင်း၊ အုပ်ချုပ်ရေး စနစ်အကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သမိုင်းအကြောင်း၊ ကုန်သွယ်မှု လုပ်ငန်းစဉ်များအကြောင်း၊ ပို့ကုန်/သွင်းကုန်များအကြောင်း၊ လိမ်လည်လှည့်ဖြားခြင်းအကြောင်း၊ နိုင်ငံတကာသုံးစံယူနစ်များ အကြောင်း၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များအကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁)နှင့် အခန်း(၂)အား ရှင်းလင်း ပို့ချခဲ့ပြီး မြဝတီခရိုင်ဦးစီးမှူးရုံးမှ Online  ဖြင့် သင်တန်းသား/သူ (၄)ဦး၊ ကရင်ပြည်နယ်ဦးစီးမှူရုံးမှ  သင်တန်းသား/ သင်တန်းသူ (၁၅)ဦး စုစုပေါင်း သင်တန်းသား/သူ (၁၉)ဦး ဖြင့် တက်ရောက်ခဲ့ကြောင်းသိရသည်။

DOCA(ကရင်)