(၁၂-၈-၂၀၂၅) ရက်နေ့၊ နံနက်(၁၀: ၀၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးနေဝေယံဦး(လက်ထောက်ညွှန်ကြားရေးမှူး)ဦးဆောင်၍ ဝန်ထမ်း(၄)ဦး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်(ဈေးများဌာန) ၊ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေးအတွင်းရှိ ဆေးဆိုင်ကြီးများနှင့် ကုန်မျိုးစုံအရောင်းဆိုင်များသို့သွားရောက်ပြီး မြန်မာဘာသာဖြင့်ဖော်ပြခြင်းဆိုင်ရာ ညွှန်ကြားချက်(၂/၂၀၁၉)ပါ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ် အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထားသောကုန်စည်များ ရောင်းချခြင်းရှိ/ မရှိအား စစ်ဆေးခဲ့ပြီး ကုန် အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုမရှိသည့် ကုန်ပစ္စည်းများ၊ တရားမဝင်ကုန်ပစ္စည်းများ ရောင်းချ ခြင်းမပြုရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)