Main menu

ဆေးဆိုင်များအားကွင်းဆင်းစစ်ဆေး

Powered by Drupal

   စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ် ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေး၊ အရည်အသွေးမီဆေးဝါးများသုံးစွဲနိုင်ရေး အတွက် မြစ်ကြီးနားမြို့ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၆)ဆိုင်အား ၁၇.၈.၂၀၂၅ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် သက်ဆိုင်ရာဌာနများပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင်ကချင်ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများပူးပေါင်း၍အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ဆေးဝါးများအရည်အသွေး စိစစ်ချက်အရ စံမညီဆေးဝါးများဖြစ်သည့် Medico Remedies Ltd.,India မှ ထုတ်လုပ်သည့် Fluximed Hard Gelation Capsule(Flucloxacillin Sodium BP eq. to Flucioxacillin 250mg, Amoxicillin Trihydrate BP eq. to  Amoxicillin 250mg) အားဈေးကွက်အတွင်း ရောင်းချခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာဆေးဆိုင်များတွင်ရောင်းချမှုမရှိကြောင်းစစ်ဆေးတွေ့ရှိရပါသည်။

DOCA(ကချင်)