Main menu

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဩဂုတ်  ၁၄ ကိုးသိန်းအား ကစားကွင်းတွင်ပြုလုပ်သည့် ၂၀၂၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား သို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘောလုံးအားကစားနည်းသည် လူကြီး ၊ လူငယ် ၊အမျိုးသား ၊ အမျိုးသမီးမရွေး ကမ္ဘာနှင့်အဝှမ်း စိတ်ပါဝင်စားပြီး အားပေးချီးမြှင့်မှု အများဆုံးဖြစ်သည့် အားကစားနည်းတစ်ရပ်ဖြစ်ပါကြောင်း၊ ယခု ပြိုင်ပွဲဝင်အသင်းများမှ ဘောလုံးအားကစားသမားများအနေဖြင့် အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်လာနိုင်စေရေး အစရှိသည့် ရည်ရွယ် ချက်များအပြင် အခြေခံပညာကျောင်းများမှ ထူးချွန်ထက်မြက်သည့် ဘောလုံးအားကစား သမားကောင်းများ ပေါ်ထွက်လာစေရေးကိုရည်ရွယ်ပြီး ကျင်းပပြုလုပ်သည့် ပြိုင်ပွဲဖြစ် သည့်အတွက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများဟာ အားကစားသမား ကောင်းပီသစွာ ယှဉ်ပြိုင်ကစားကြရန် တိုက်တွန်းလိုပါကြောင်း၊ ယခုပြိုင်ပွဲကို ကြီးကြပ်ဆောင်ရွက်ကြမည့် ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်မှု ကင်းစွာဖြင့် ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများ ပြိုင်ပွဲဥပဒေများအတိုင်း တိတိကျကျ ဆုံးဖြတ်ကြီးကြပ်ပေးကြရန်လည်းလိုပါကြောင်း၊  အားကစားသမားများသည် ယခုပြိုင်ပွဲမှ တစ်ဆင့် မိမိတို့၏ခရိုင်၊ မိမိတို့တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်ပြီး နိုင်ငံ့ဂုဏ် ဆောင်အားကစားသမားများ ဖြစ်အောင်ကြိုးစားသွားကြရန်" တိုက်တွန်းမှာကြားပြီး  ၂၀၂၅ခုနှစ် ၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလားခရိုင်ပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အား ဖွင့်လှစ်ပေးကာ ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ပြီး ဘောလုံးများနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်တီးဝိုင်းအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

  ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက တိုင်းဒေသကြီး ဝန်ကြီးချုပ်အား အလေးပြုခဲ့ကြပြီးနောက်  အားကစားသစ္စာအဓိဌာန် (၄)ချက်အားရွတ် ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြ ပြီး ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချူပ်နှင့် ဧည့်သည်တော်များသည် အဖွင့်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားသည့် ပုသိမ်ခရိုင်အသင်းနှင့် လပွတ္တာခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ၂၀၂၅ခုနှစ် ၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ယနေ့မှ ဩဂုတ်လ (၂၅)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

DOCA (ဧရာဝတီ)