Main menu

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာ၊ ရတနာသုခသာသနာ့ဗိမာန်တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်၊ ဓာတုကင်းလွတ်ပေါ်ဆန်း (၂၅၀)ဧကစိုက်ပျိုးခြင်း သရုပ်ပြပွဲတက်ရောက်အားပေး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ ဩဂုတ်  ၁၄ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊နွားရေတိုက်ကျေးရွာတွင် ဓာတုကင်းလွတ်ပေါ်ဆန်း (၂၅၀)ဧက စိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယမန်နေ့ညနေပိုင်းက နွားရေ တိုက် ကျေးရွာ၊ တောင်သူဦးမြင့်ဆွေ၏ စိုက်ဧက(၅)ဧကတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ တက်ရောက်အားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာ၊ ရတနာသုခကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာကိစ္စများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများ လျှောက်ထား တင်ပြခဲ့သည်။

     ဆက်လက်၍ ရတနာသုခသာသနာ့ဗိမာန်တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ကတိုင်းဒေသကြီးအနေဖြင့် နှစ်စဉ်နှစ်တိုင်း ရေတော်မိုးတော် မိုးစပါး စိုက်ဧကများအား ဇူလိုင်လလကုန်နှင့် ဩဂုတ်လ ပထမပတ်၊ ဒုတိယပတ်တွင်ထွန်တုံးပိတ်ခြင်းများကိုဆောင်ရွက်ခဲ့ပြီး ရေကျနောက်စိုက်အား အောက်တိုဘာ လကုန်အထိ စိုက်ပျိုးကြပါကြောင်း၊ ယခုချိန်ထိ ယခုနှစ်တွင် မိုးစပါး (၉၂)ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မိမိတိုင်းဒေသကြီးမှ စိုက်ပျိုးသော ပေါ်ဆန်း စပါးများ အရည်အသွေး ပိုမိုကောင်းမွန်စေရေးအတွက် ခရိုင်၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့များ၊ဌာနဆိုင်ရာများ၊တောင်သူများနှင့် ပေါင်းစပ် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာတွင် အရည်အသွေးကောင်းမွန်သည့် ဓာတုကင်းလွတ်ရေကြည်ပေါ်ဆန်းအား စိုက်ပျိုးနိုင်ခဲ့ပြီး ဈေးကွက်ရရှိအောင်လည်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဆန်စပါးဈေးကွက် ရရှိရန်အတွက် စိုက်ပျိုးသည့်စပါး အရည်အသွေးကောင်းမွန်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ဓာတုကင်းလွတ်ရေကြည်ပေါ်ဆန်းအား  ဆက်လက်တိုးချဲ့စိုက်ပျိုးပြီး သီးသန့်ဇုန် သတ်မှတ် ဆောင်ရွက်ရန် အမှာစကားပြောကြားသည်။

  ဆက်လက်၍ တိုင်းဒေသကြီးမြေစာရင်းဦးစီးမှူး၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး၊ ဒေသသုတေသနဗဟိုဌာန(မြောင်းမြ)တာဝန်ခံ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ခရိုင် အုပ်ချုပ်ရေးမှူးတို့မှ ပေါ်ဆန်းအရည်အသွေးကောင်းမွန်စေရေး၊ အထွက်နှုန်းတိုးတက်စေရေး၊ မူလအနံ့အရသာ ပြန်လည်ရရှိစေရေးအတွက် သဘာဝမြေဩဇာများ ပိုမိုသုံးစွဲစေရေး၊ မျိုး၊ မြေ၊ ရေ၊နည်း မှန်ကန်စွာ စိုက်ပျိုးစေရေး၊ ပေါ်ဆန်းစိုက်တောင်သူများ အစုအဖွဲ့ဖြင့် ဆောင်ရွက်စေရေး၊ ပေါ်ဆန်းအရည် အသွေးကောင်းမွန်စေရေးနှင့် မြေဆီလွှာ ထိန်းသိမ်းရေးသုတေသနပြုဆောင်ရွက်နေမှုများ၊ ဓာတု ကင်းလွတ်ရေကြည်ပေါ်ဆန်းအား ၂၀၂၂ ခုနှစ်မှ စတင်၍ တောင်သူပူးပေါင်းပါဝင်သော သုတေသနပြုဆောင်ရွက်ခဲ့ပြီး ဈေးကွက် ရရှိသည်အထိ ဆောင်ရွက် ခဲ့မှုရလဒ်များ၊ တောင်သူများနှင့်လက်တွဲ၍ နည်းပညာနှင့် ဈေးကွက်အား အကောင်အထည်ဖော် ပူးပေါင်းဆောင်ရွက်သွားမည့်အစီအစဉ်များ၊ ယခုနှစ်တွင် ဓာတုကင်းလွတ်ရေကြည်ပေါ်ဆန်းအား (၂၅၀)ဧက စိုက်ပျိုးမည့် အခြေအနေများရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြသည်။

  ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးသုတေသနမှ နည်းပညာ ကူညီပေးပြီး၊ ခရိုင်၊ မြို့နယ် စိုက်တိုးမြှင့်အဖွဲ့များနှင့် တောင်သူ ၇၄ ဦးတို့ ပူးပေါင်း ဆောင်ရွက်သော ဓာတုကင်းလွတ်ပေါ်ဆန်း (၂၅၀)ဧကရှိ တောင်သူဦးမြင့်ဆွေ၏ စိုက်ဧက(၅)ဧက၌ ကောက်စိုက် လုံမေများဖြင့် သရုပ်ပြစိုက်ပျိုးနေမှုများအားလည်းကောင်း၊ ရေဆင်းပေါ်ဆန်း(၂) မျိုး စေ့ထုတ် စံပြကွက် စိုက်ပျိုးထားရှိမှုအားလည်းကောင်း၊ ပေါ်ဆန်း (၁၁) မျိုး ယှဉ်ပြိုင်စမ်းသပ် စိုက်ပျိုး ထား ရှိမှုအားလည်းကောင်း ကြည့်ရှုအားပေးပြီး အရည်အသွေးကောင်းမွန်ပြီး ဒေသနှင့်ကိုက်ညီ သည့် ပေါ်ဆန်းမျိုးစပါးများရရှိနိုင်ရေး၊ ပေါ်ဆန်းအရည်အသွေးကောင်းမွန်စေရေးနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်း များတိုးတက်စေရေး ဆောင်ရွက်ရန်မှာကြားခဲ့ပြီး တောင်သူများအား သဘာဝ မြေဩဇာများနှင့် ကောက်စိုက်လုံမေများကို စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

DOCA (ဧရာဝတီ)