Main menu

မလေးရှား-တရုတ် ကုန်သည်ကြီးများအသင်းက ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ရှာဖွေ

Powered by Drupal

          Dato' Tony Looi Chee Hong ဦးဆောင်သော မလေးရှား-တရုတ် ကုန်သည်ကြီးများအသင်း (MCCC) မှ ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အလားအလာနှင့် အခွင့်အလမ်းများကိုရှာဖွေရန် ကမ္ဘောဒီးယားသို့ သွားရောက်ခဲ့ပြီး ကိုယ်စားလှယ်အဖွဲ့အား ဖနွမ်းပင်မြို့ရှိ CDC ရုံးချုပ်တွင် ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) လက်အောက်ရှိ ကမ္ဘောဒီးယား ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏ လက်ထောက်အတွင်းရေးမှူးချုပ် Soun Sophal က တွေ့ဆုံဆွေးနွေးခဲ့သည်။ Sophal သည် ဆွေးနွေးပွဲတွင် ကမ္ဘောဒီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဥပဒေများကို အကျဉ်းချုပ်ရှင်းလင်းပြောကြားခဲ့ပြီး မက်လုံးပေးအစီအစဉ်များနှင့် တော်ဝင်အစိုးရမှ ချမှတ်ထားသောမူဝါဒများမှတစ်ဆင့် နိုင်ငံတော်၏ အပြုသဘောဆောင်သော စီးပွားရေးအခြေအနေအား အလေးပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)