Main menu

မြန်အောင်မြို့နယ် အွန်လိုင်းဈေးဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူးသည်(၁၄.၈.၂၀၂၅) ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် မြန်အောင်မြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှု လုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့်အကျိုးရလဒ်များနှင့် စပ်လျဉ်း၍ Talk Show အစီ အစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ အစီအစဉ်တွင် ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းက မှတ်ပုံတင်ထားသည့် အွန်လိုင်း ရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် မရိုးဖြောင့်သော၊ တရားမဝင်သော အွန်လိုင်းဆိုင်များ၏ လိမ်လည်မှုမှ ရှောင်ရှားနိုင်ခြင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အာမခံချက်ကို ရောင်းချ သည့် လုပ်ငန်းရှင်ထံ ဆက်သွယ်တောင်းဆိုနိုင်ခြင်း၊ အွန်လိုင်းမှ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှု ကြုံတွေ့ပါက ရောင်းချသည့် လုပ်ငန်းကို ဖြေရှင်းပေးရန်ဆက်သွယ်နိုင်ခြင်း၊ သက်ဆိုင်ရာအစိုးရဌာန သို့ တိုင်ကြားရာတွင်လည်းရောင်းချ သည့်လုပ်ငန်းနှင့်စပ်လျဉ်း၍ ခိုင်လုံစွာ တိုင်ကြားနိုင်ခြင်း၊  သက် ဆိုင်ရာဌာနအနေဖြင့် စားသုံးသူနစ်နာ ဆုံးရှုံးမှုအား ဖြေရှင်းရာတွင် လွယ်ကူစေခြင်းတို့ကို ရှင်းလင်းခဲ့ပြီး၊ တိုင်ကြားမှုဖြေရှင်းသည့် နည်းလမ်းများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူး ရုံးများက လိုအပ်သည့် စိစစ်ဆောင်ရွက်မှုများ ပြုလုပ်၍ စေ့စပ်ညှိနှိုင်းပေးခြင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း စသည့်တို့ကို အကျယ်တဝင့်  ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)